ဘုန်းဘုန်း taxiငှါးတာ ရယ်နေရတာ ဟီးဟီး

 ” ဟဲ့ ဒကာ ကား အားလား ”
” တင်ပါ့ အားတယ် ဘုရား ”
” စင်ကပူ သွားချင်လို့ ”
” မနောက်ပါနဲ့ ဘုရား ”

” ဟ ဘာနောက်လို့လဲ စင်ကပူ သွားမယ်လို့ ပြောတာ ”
” တင်းပါ့ ဘုန်းဘုန်းက စင်ကပူ သွားတာ ဟုတ်ပါတယ် တပည့်တော်က ဘယ်လမ်းက မောင်းရ မှာလဲ ဘုရား ”
” ဗိုလ်ချုပ်လမ်း တည့်တည့် မောင်း ရောက်တယ်လေ ကွာ ”

” ဘယ် စင်ကပူကို ပြောတာလဲ ဘုရား ”
” ပုဇွန်တောင်က စင်ကပူ ဘုန်ကြီးကျောင်း လေကွာ ”
” တယ်လဲ နောက်သကိုး ဘုရား သုံးထောင် ပေးပါ ဘုရား ”
” အေးအေး ”

” ဒါနဲ့ ဘုန်းဘုန်း လက်ထဲက ဘာ အထုတ်ကြီးလဲ ဘုရား ”
” ငါးခြောက်ထုတ် ပါကွာ ”
” ဘယ်က ပြန်လာတာ မို့လဲ ”
” LA က ပြန်ကြွ လာတာ ”

” ဘယ့်နှယ့် LA က ငါးခြောက် ဒီပြန်သယ်ရ တာတုန်း ”
” အဲဒီမှာက ပေါတယ်လေ ကွာ ”
” မြန်မာပြည်က ပိုမပေါဘူးလား ဘုရား ”
” အေး ငါမြန်မာပြန် ကပဲ ပြန်လာတာ လေကွာ ”

” ဟင် ဘယ် LA ကို ပြောတာလဲ ဘုရား ”
” လက်ပွတ္တာကို ပြောတာလေကွာ ”
” လုပ်ပြန်ပီ ”

” ဒါနဲ့ ဒကာကြည့်ရတာ ရန်ကုန် ၊ သားတော့ ဟုတ်ဟန် မတူဘူး ”
” တင်းပါ့ တပည့်တော်က အညာသားပါ ဘုရား ”
” အညာ ဘယ်အရပ်ကလဲ ကွဲ့ ”
” မန္တလေးဘက် ကပါ ဘုရား ”

” အော် မန္တလေး သားပေါ့ ”
” မဟုတ်ဘူး မန္တလေးတိုင်း ထဲက ပါဘုရား ”
” မန္တလေး တိုင်း ဘယ်ဘက် ကတုန်း ”
” မိတ္ထီလာဘက် ”

” အော် မိတ္ထီလာသား ပေါ့ ”
” မဟုတ်ဘူး မိတ္ထီလာခရိုင်ပါ ဘုရား ”
” မိတ္ထီလာခရိုင် ဘယ်နားတုန်း ”
” မလှိုင်ပါ ဘုရား ”

” အော်အေး သိတာပေါ့ အဲမြို့ ငါရောက်ဘူးတယ်ကွ လက်စသက်တော့ မင်းက မလှိုင် သားပေါ့ ”
” မဟုတ်ဘူး ဘုရား မလှိုင်မြို့နယ်ထဲ က ပါ ဘုရား ”
” ဟေ မလှိုင်မြို့ရဲ့ ဘယ်ဘက်ကျ လဲကွ ”
” နှောကန် သိလား ဘုရား ”

” အော် အေး ကြားဖူး သလိုကွ ….အော်…. ဟိုတစ်ခါ တိုက်နယ် ဆေးရုံ ဆောက်တာ ကြားလိုက်မိသေးတယ် ”
” တင်းပါ့ ဟုတ်တယ် ဘုရား ”
” အော် နှောကန်သားပေါ့ ”
” အော် နှောကန်သားပေါ့ ”
” မဟုတ်ပြန် သေးဘူး ဘုရား နှောကန် တိုက်နယ်ဘက်ကလို့ ပြောတာပါဘုရား ”

“ေ ဟ ဒါဆိုလဲ နှောကန်သားလဲ ဟုတ်သေး ပြန်ဘူးပေါ့ ”
” တင်းပါ့ နှောကန်မြောက်ဘက် သက္ကယ်ကျင်း ”
“ေ အာ် သက္ကယ်ကျင်း ရွာသားပေါ့ ”
” မဟုတ်ဘူး ဘုရား သက္ကယ်ကျင်း အုပ်စု ထဲ က သရက္ကန် ရွာသားပါ ဘုရား ”
” ဟေ ဒကာရာ မင်းဇာတိ မေးရတာ ဦးစံရှားခေါ်ပီး
စုံစမ်းရမလို ဖြစ်နေပီ ”

” ဒါနဲ့ ဘုန်းကကော ဘယ်ဇာတိလဲ ”
” အေး ဘုန်းဘုန်းက မဲဘုန်း ဇာတိကွဲ့ ”
” သြစီက မဲလ်ဘုန်းမြို့ကို ပြောတာလား ဘုရား ”
” မဟုတ်ပါဘူးကွာ ဘုတလင်နယ် ဘက်က မဲဘုန်းရွာကို ပြောတာပါကွာ ”

” လုပ်ပြန်ပီ ”
” ဒကာ တက္ကစီ မောင်းတာ ကြာပီလား ”
” ကြာပီပဲ ပြောပါတော့ ဘုရား ”
” အရင် ဘာလုပ်ဘူး သေးလဲ ”
” အရင် တပည့်တော် လန်ဒန်မှာ အလုပ် သွားလုပ်သေးတယ် ဘုရား ”
” မင်းနှယ့်ကွာ လန်ဒန်မှာ အလုပ် လုပ်ပီးကာမှတက္ကစီ မောင်းရတယ်လို့ ”

” တင်းပါး အဲဒီမှာက လစာနည်းတယ် ဘုရား ”
” ဟေ ဘယ်လောက် ရတာ မို့လဲ ”
” ၉ သောင်း ပါ ဘုရား ”
” စတာလင်ပေါင် လား ”

” မြန်မာငွေပါ ဘုရား ”
” အာ့ဆို မင်းပြောတာက ဘယ်က လန်ဒန် တုန်း ”
” လန်ဒန် ဆေးလိပ် ရောင်းတဲ့ ကုမ္ပဏီကို ပြောတာပါ ဘုရား ”
” တယ်လဲ ကျယ် ပါ့ကွာ ”

” ဘုန်းဘုန်းကျယ်လို့ တပည့်တော် ကျယ်ရတာပါ ဘုရား ”
” ဒါနဲ့ ဒကာက ဘုန်းဘုန်းကို ပို့ပြီး ဘယ်သွားအုံး မှာလဲ ”
” တပည့်တော် နေတိုး ကို သွားခေါ်ရ အုံးမယ် ဘုရား ”
” အံမယ် မင်းသား နေတိုးကလဲ မင်းကား ငှားစီးတာပဲလား ကွ ”
” မဟုတ်ပါဘူး ဘုရား ဆိုက်ကားဆရာ နေတိုးပါမနေ့က သူ့ဆိုက်ကား စည်ပင်က သိမ်းသွားတာ သွားရွေး မလို့ အဖော် လိုက်ပေးရမှာပါ ဘုရားဒါနဲ့ ဘုန်းဘုန်းက

ဒီကျောင်းကလား ”
” မဟုတ်ဘူးကွဲ့ ခဏ လာတည်းတာ ဘုန်းဘုန်းလဲနောက်နေ့WTDC ကို ခရီး ဆက်ရအုံး မှာကွဲ့ ”
” အော် တင်းပါ့ ဘုန်းဘုန်းပြောတဲ့ WTDC ဆိုတာ ဝါရှင်တန်ဒီစီကို ပြောတာလား ဘုရား ”
” မဟုတ်ပါဘူးကွာ ဝါးတန်းကဒေါ်စိန်ဆီကို သွားမယ်ပြောတာပါကွာ ”
” အော် ငါ့နှယ် ဒီဘုန်းဘုန်းတော့ တိန်”

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား