လောင်းမလား
လူနှစ်ယောက် အရက်ဘားတွင် အရက် သောက်နေ ကြသည် ။ ရေချိန် အတော်လေး ကိုက်လာသော အခါ ပထမ လူက “ ဟေး ငါ့မျက်လုံးကို ငါကိုက်ပြမယ် ဆို မင်းယုံမလား ”
ဒုတိယလူက သူ့ ညာဖက်မှာ ထိုင်နေတဲ့ ပထမလူကို တချက် ကြည့်လိုက်တယ် ။ နောက် ဒီလူ မူးနေပြီ လို့ တချက်တွေး လိုက်ရင်း “ မယုံဘူးဗျာ ” “ ဒါဆို အရက် တပုလင်းကြေး လောင်းမလား ”
“ လောင်းတယ်ဗျာ စိမ်လိုက် ”
ပထမလူက သူ့ရဲ့ ဘယ်ဖက်က မျက်လုံး အတုကို ထုတ်ပြီး ကိုက်ပြ လိုက်သည် ။ သို့ဖြင့် ဒုတိယလူက အရက် တလုံး ပေးလိုက်ရသည်။
ပထမလူက အရက် ဆက်သောက်ရင်း ပုလင်း တဝက် ကျိုးတဲ့ အခါမှာ “ ဟေး ကျန်တဲ့ မျက်လုံး တလုံးကို ငါ ထပ်ကိုက်ပြမယ် ဆိုရင်ကော မင်း လောင်းအုံးမလားကွ ” ဒုတိယလူက ပထမလူကို တချက် ထပ်ကြည့် လိုက်သည် ။ ဒီလူ တော်တော်ကြီး မူးနေပြီ ဆိုတာ သိသည် ။ နောက် ဒီလူ မျက်လုံးနှစ်လုံး စလုံးတော့ အတု မဖြစ်နိုင်ဘူးဟု တွေးလိုက်သည်။ သို့နှင့် “လောင်းမယ် ဒီတခါ အရက် နှစ်လုံးကြေး ”
ဒုတိယလူ စကားဆုံးသည်နှင့် ပထမလူက “ အိုကေ ” ဟု ဆိုလိုက်သည် ။ ထို့နောက် သွားအတု တွေကို ထုတ်ပြီး ကျန်မျက်လုံးကို ထပ်ကိုက် ပြလိုက် လေသည် ။
ကိုလုံ

Comments
Post a Comment