စပ်စုတဲ့ မိန်းမ
လင်မယား စုံတွဲ တတွဲဟာ နှစ်ထပ်အိမ်လေး တလုံးမှာ မှီတင်း နေထိုင်ကြ ပါတယ် ။ မနက်တိုင်းမှာ မယားဖြစ်တဲ့သူဟာ အိမ်အပေါ်ထပ် ပြတင်းပေါက် ကနေ ဘေးအိမ်ကို ချောင်းချောင်း ကြည့်ပြီး သူမြင်တွေ့သမျှ တွေကို သူ့ရဲ့ ခင်ပွန်းဆီကို ဖောက်သည်ချ ပြောပြလေ့ ရှိတယ် ။
” ဘေးအိမ်က ဟာတွေက အဝတ်အစားလည်း ကောင်းကောင်း မလျှော်တတ်ကြဘူး သိလား ။ အဝတ်အစားတွေ ညစ်ပတ်နေ တာပဲ ။ ဘာ ဆပ်ပြာမှုန့်များ သုံးကြလဲ မသိဘူး ”
ယောက်ျားဖြစ်သူ ပြန်ပြောတာက
” သူများ ကိစ္စ သွားအာချောင် မနေစမ်းပါနဲ့ ၊ ကိုယ့် အဝတ်အစားတွေသာ ကိုယ်ပြောင်အောင် လျှော်စမ်းပါ ”
ဒါပေမယ့် မိန်းမလုပ်တဲ့သူက ပြတင်းပေါက် ကနေ နေ့တိုင်း ဘေးအိမ်ကို သွားသွား ချောင်းကြည့်နေတတ် မြဲပဲတဲ့ ပြီးရင် သူ့ယောကျ်ားကို လာလာ ပြောပြ ပြန်တယ် ။
” သူတို့ အဝတ်အစား လျှော်တာ ကလည်း ညစ်ပတ်နေတာပဲ ” တဲ့
ဒီလိုနဲ့ တနေ့မနက်မှာ ယောကျ်ားက အိမ်အောက်ထပ်မှာ ကော်ဖီတခွက် နဲ့ သတင်းစာ ထိုင်ဖတ်နေတုန်း မိန်းမက အိမ်ပေါ်ကနေ အထူးအဆန်း ပြေးဆင်း လာပြီး သူယောင်္ကျားဆီ လာတိုင် ပြောတယ် ။
” ယောက်ျားရေ နားကို မလည်တော့ဘူး သူတို့ ဘာဆပ်ပြာမှုန့် ပြောင်းသုံးကြလဲ မသိဘူး ။ ဒီနေ့ သူတို့ အဝတ်အစားတွေ သစ်လွင်နေတာပဲ ။ သူတို့ဘာနဲ့ လျှော်တာလည်း အရမ်း သိချင်တာပဲ ”
ဒါနဲ့ ယောက်ျား လုပ်သူက ထပြောတာက
” ငါ တော်တော်လေးကို ဆမြင် ကတ်လာပြီနော် ၊ ဒီနေ့မနက် အစောကြီး ငါထပြီး ပြတင်းပေါက် မှန်တွေကို ပြောင်နေအောင် သုတ်ထားလို့ ဟေ့ ၊
အရင်က မှန်တွေက ညစ်ပေနေတာ နင်က အဲ့ကနေ သွားသွား ကြည့်မှတော့ အကုန် ညစ်ပေနေတာပဲ မြင်မှာပေါ့ ဟ ” တဲ့
သင်ခန်းစာ
ကျွန်တော်တို့ လူသားတွေဟာ သူတပါးရဲ့ အပြစ်ကိုသာ ရှာကြည့် တတ်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ မေ့နေတတ် ကြတယ် ။
ဒါကြောင့် သူတပါးကို မဝေဖန်ခင် ကိုယ့်စိတ်ကို အရင် ကြည်လင်အောင် သန့်ရှင်းထားဖို့ လိုပါတယ် ။ ကိုယ့်စိတ်က ကြည်လင် နေရင် မြင်သမျှ အရာ လှပနေမှာ ဖြစ်သလို ကိုယ့်စိတ်က နောက်နေရင်လည်း မြင်ရမှာက ပြဿနာချည်း ဖြစ်နေမှာပါ ။
စိတ်ကို ကြည်လင်စွာနဲ့ လောကကို အကောင်းမြင်နိုင် ကြပါစေ ။
Crd

Comments
Post a Comment