ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

“ဗျို့ ဆိုက္ကား ဆရာ။ မြို့လယ်က MPT ရုံးကို သွားချင်တယ်။ ဘယ်လောက်ပေးရမလဲ”

“ ခင်ဗျားက MPT ဝန်ထမ်းလား” “ဟုတ်ဗျ”

“အေး အဲလိုဆို ခင်ဗျား ကြိုက်သလိုစီးလို့ရတယ်။ ခင်ဗျားတို့ MPT ဝန်ထမ်းတွေအတွက် ထောပြီ အစီအစဉ်သစ်ကို လုပ်ထားတယ်”

“ ဗျာ !”

“ဟုတ်တယ်။ ဒီလိုလေ ဆိုက္ကား ဘီးတစ်ပတ်လည်တာနဲ့ ၅ ကျပ် သတ်မှတ်ထားတယ်။ ဒီအတိုင်းပုံမှန်စီးရင်တော့ ငွေ ၁၀၀၀ ကျပ်ကို ဘီးအပတ် ၂၀၀ စီးရမယ်။ ဒါပေမယ့် ငွေကြိုတင်ပေးထားမယ်ဆို ရင် ဘီးပတ်ရေ ၅ ဆအပိုစီးလို့ရမယ်။ တစ်ခုတော့ရှိတယ်။ ခင်ဗျားအနေနဲ့ ထောပြီအစီအစဉ်ကို ရွေးချယ်လိုက်ပြီဆိုရင် ဘီးတစ်ပတ် ကို ၂၅ ကျပ်ပေးရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမှာ ၅ ဆအထိ အပိုရထားတာ နည်းနည်းနောနောမဟုတ်ဘူးနော်”

“တယ် မိုက်ပါလား”

“အေး ခြွင်းချက်တစ်ခုတော့ရှိတယ်။ MPT ဝန်ထမ်းတွေအနေနဲ့ ထောပြီအစီအစဉ်ကိုရွေးချယ်လိုက် ပြီဆိုရင် ငွေမကုန်မချင်း ဆိုက္ကား ပေါ်က ဆင်းဖို့မကြိုးစားနဲ့”


“ဗျာ !!!”

🇲🇲အညာသားစွယ်စုံကျမ်း
Pakokku

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

လောင်းမလား