ရှုပ်ကုန်ပြီ

အဖိုးကြီးက ကျုပ်ကို သေချာ စိုက်ကြည့်ပြီး မေးတယ်

” မင်းက ငါ့သမီးကို လက်ထပ် ချင်တယ် ၊ ဟုတ်လား ”

ကျတော်က ရိုကျိုးစွာဖြင့်

” ဟုတ်ပါတယ် ခင်ဗျ ၊ ကျတော် ဦးသမီးကို နှစ်သက် သဘောကျ လို့ပါ ”

အဖိုးကြီးက ခေတ္တ တိတ်သွားပြီး သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေ လိုက်ရင်းက

” မင်း ငါ့မိန်းမ ကိုကော တွေ့ပြီးပြီလား ”

” ဟုတ်ကဲ့ တွေ့ပြီး ပါပြီ ခင်ဗျ ”

” ဘယ်လို သဘောရလဲ ”

” အင်း အသက်တော့ တော်တော် ကြီးပြီနော် ”

” ၆ဝ ပဲ ရှိပါသေးတယ်ကွ ”

” ပါးရည်တွေလည်း တွန့်နေပြီလေ ”

” ဇရာ လေ ကွာ ”

” အပြောအဆိုလေး ကတော့ မဆိုးပါဘူး ”

” အဲ့တော့ ဘယ်လို သဘောရလဲ? ”

” ဟင့်အင်း ကျတော် ဦးသမီး ကိုပဲ ပိုပြီး သဘောကျ ပါတယ် ခင်ဗျ ”

” ဘာကွ ”

” အမေ့ ”

” မင်း မင်း ဘာ စကားပြောတာလဲ ”

” ဗျာ ဘာပြောလို့လဲ? ၊ ကျတော် ဦးသမီးကိုပဲ သဘောကျတယ် လို့ ပြောတာလေ ၊ ဦးမိန်းမကြီးတော့ ဟင့်အင်း ”

” ဟျောင့် မင်းကို မေးတာက ငါ့မိန်းမရဲ့ သဘောထားက ဘယ်လိုလဲ လို့ မေးတာကွ ”

” ဗျာ ဪ အဲ့လိုလား ၊ အဟီးဟီး သိပါဘူး ၊ သား သားက နှစ်ယောက်ထဲက တယောက် ရွေးခိုင်းတယ် မှတ်လို့ အဟီး ”

” ခွေးမသား မင်းကများ ငါ့မိန်းမကို သပေတော့ ”

” ဟာ ဖီဖီ မလုပ်နဲ့နော် လွန်မယ် ”

” ဘာ ဖီဖီလဲ ခွေးမသား ”

ဟာ အခြေအနေ မဟန်ဘူး လစ်မှ

” ဟျောင့် နေအုံး မပြေးနဲ့ ”

” နေဘူး ပြေးပြီ ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား