မစွပ်စွဲပါဘူး

မိန်းမ ဖြစ်သူက ကျောင်းဆရာမ ။

တာဝန်ကျရာ မြို့မှ အိမ်ကို ပြန်ရောက် လာသော အခါ သူ့ယောက်ျားကို

” ရှင့် အိမ်ဖော်ကလည်း ချောလှချည်လား ကိုမိုးကြီးရဲ့ ”

” ချောလား မချောလား မသိပါဘူးကွာ အဝတ်လျှော် ထမင်း ချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက် တာပါ ”

” ရှင်နဲ့ရော ကင်း ရှင်းရဲ့လား ယောက်ျား ”

” ရှင်းပါ့ ”

” တအိမ်လုံးမှာ ရှင်တို့ နှစ်ယောက်ထဲ ဆိုတော့ ”

” ဘာဆိုင်လဲကွာ ၊ ညမိုးချုပ်တာနဲ့ သူ့အခန်း သူအိပ် ၊ ငါ့အခန်း ငါအိပ် သီးခြားဆီပါ ”

” ပြီးတာပါပဲ ”

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း တာဝန်ကျရာကို ပြန်သွားတယ် ။

နှစ်ရက် ၊ သုံးရက် နေတော့ အိမ်ဖော်လေးက ကိုမိုးကြီးကို သတင်း ပို့တယ် ။

ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ် တဲ့ …

” ဆရာမ ပြန်သွားကတည်းက ပျောက်တာ … မှားများ ပါသွားလေသလား မေးကြည့်ပါအုံး ” ဆိုတော့ ….

ကိုမိုးကြီး လည်း သူ့မိန်းမဆီ စာရေးပြီး မေးရ တာပေါ့ … …

” မိန်းမရေ … မင်းယူတယ် လို့ မစွပ်စွဲပါဘူး မင်း ပြန်သွား ကတည်းက ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေလို့ ” လို့ ဆိုပီး စာပို့ လိုက်တယ် ။

အဲ့ဒီတော့ သူ့မိန်းမဆီက စာပြန်လာတယ် … …

” ယောကျ်ားရေ … ရှင်တို့ အတူ အိပ်တယ်လို့ မစွပ်စွဲပါဘူး အဲ့ဒီ အိမ်ဖော်မိန်းမသာ သူ့အိပ်ယာမှာ သူ အိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ ၊

ဒယ်အိုးက

.

.

.

.

.

.

.

သူ့ ခေါင်းအုံး အောက်မှာ ”

” ငွမ့် .. ”

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား