အပျိုကြီး ရဲ့ အတွေး

ဆေးခန်း ထဲကို အသက် ၃၅ နှစ် အရွယ် အမျိုးသမီး တဦး ဝင်လာတယ် ။

အမျိုးသမီး က စပြောတယ်။

” ဆရာ နဲ့ တိုင်ပင် ချင် လို့ပါ ”

” ဟုတ်ကဲ့ ပြောပါ ”

” ဆရာ ကျွန်မရဲ့ အစ်ကိုက ထီ မထိုးဘဲ ထီပေါက်မယ် လို့ ထင်နေတယ် ဆရာ ”

ဒါက စိတ်ကျန်းမာရေး နဲ့ ဆက်စပ်နိုင် တဲ့ အခြေအနေ ပဲလို့ ကျွန်တော့် စိတ်ထဲ တွေးလိုက် မိတယ် ။

” ခင်ဗျား အစ်ကို က ထီမထိုးဘဲ ထီပေါက်မယ် လို့ ထင်နေတာ ကြာပြီလား ”

” လေး နှစ်လောက် တော့ ရှိပြီ ဆရာ ”

” ဒီလောက် ကြာနေတာကို အခုမှ ဆေးရုံ ခေါ်လာ ရလား
ဒါဟာ စိတ်ကျန်းမာရေး နဲ့ ဆက်စပ် နိုင်တယ်
ခင်ဗျားက သိပ် ပေါ့တာ ပဲ ”

ကျွန်တော့် ရဲ့ စကားသံ က နည်းနည်း ပါးပါး ဒေါသ သံ ပါသွားတယ် ။
အမျိုးသမီး က တုန်တုန် ယီယီ နဲ့

” သူ ထီပေါက်ရင်
ကျွန်မကို သင့်တော်တဲ့ လူနဲ့ အိမ်ထောင် ချ ပေးမယ် ဆိုလို့
ပေါက်များ ပေါက်မလား လို့ စောင့်နေ တာပါ ဆရာ ”

” တိန် ”

ဟမ်စိုင်း ( ဆေး – မန်း )

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား