လယ်သမားကြီးရဲ့ ပြောင်း
တခါက လယ်သမား တယောက်ဟာ နှစ်စဉ် သီးနှံပြိုင်ပွဲကို ဝင်ပြိုင်တာ သူဝင်ပြိုင်တိုင်း ပထမ ဆုပဲ ရသတဲ့ ။
တနှစ်တော့ သတင်းသမား တယောက် က လယ်သမားကြီးကို ဒီလို ပြောင်းဖူး အရည်အသွေး ကောင်းအောင် ဘယ်လို စိုက်သလဲ ဆိုပြီး အင်တာဗျူး လာမေးသပေါ့ ။
ဒီလို အင်တာဗျူးရင်းနဲ့ စိတ်ဝင်စားစရာ အချက် တခု ကို သိလာခဲ့ မိတယ် ။
လယ်သမားကြီးဟာ သူ့ပြောင်းမျိုးစေ့တွေကို ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အမြဲ လိုလို ဝေမျှ ပစ်နေတယ် ဆိုတာပဲ ။
တအံ့တသြနဲ့ အင်တာဗျူး လုပ်သူဟာ လယ်သမားကြီး ကိုမေးခဲ့တယ် ။
” ဘာလို့ ဒီလောက် ပြောင်းမျိုးကောင်း မျိုးသန့်တွေကို ကိုယ့်စိုက်ခင်း မဟုတ်တဲ့ ဘေးက စိုက်ခင်းတွေဆီ လျှောက်ဝေရသလဲခင်ဗျ ခင်ဗျား ဆုံးရှုံးတာပေါ့ ”
” မဟုတ်တာဗျာ ”
လယ်သမားကြီးက ရယ်လျက် ပြန်ဖြေတယ် ။
” ပြောင်းမှည့်ပြီ ဆိုတာနဲ့ ထွက်လာတဲ့ ဝတ်မှုန်တွေကို လေတိုက်တဲ့ အခါ လေက သယ်ဆောင်သွားတယ် မဟုတ်လား ၊ ဒီတော့ ခင်ဗျား စဉ်းစားကြည့်
ကျုပ်ပတ်ဝန်းကျင် မှာသာ မျိုးမသန့်တဲ့ ပြောင်းတွေ စိုက်နေခဲ့ရင် ကျုပ်အနေနဲ့ မျိုးကောင်း ဘယ်လောက်ပဲ စိုက်စိုက် ဝတ်မှုန်ကူးတာ များလာတာနဲ့ အမျှ ကျုပ်ပြောင်း အရည်အသွေးပါ မကျပေဘူးလား
ဒီတော့ ကျုပ် ပြောင်းအရည်အသွေး ကောင်းဖို့ ပတ်ဝန်းကျင် မျိုးကောင်း ဖို့လဲ လိုပြီလား မိတ်ဆွေရယ် ”
ဒီကနေရတဲ့ သင်ခန်းစာ ကတော့ ကိုယ်ကောင်းဖို့ အတွက် ကိုယ်တိုင်ပြုပြင် အားထုတ် ရသလို ပတ်ဝန်းကျင်ကိုလဲ မျိုးကောင်းတွေ ကြဲပေးဖို့ လိုပါလိမ့်မယ် ။
ပတ်ဝန်းကျင် မျိုးညံ့နေတဲ့ အခါမှာတော့ ကိုယ် ဘယ်လောက်ပဲ ကောင်းအောင် လုပ်နေ လုပ်နေ ပတ်ဝန်းကျင် သတ်လို့ သေတဲ့ အထိကို ဖြစ်နိုင်ပါတယ် ။
ပြောချင်တာကတော့ သင်ကောင်းအောင် လုပ်ပါ ။
နောက်ပြီး သင့်ပတ်ဝန်းကျင် ကိုလည်း ကောင်းအောင် လုပ်ပေးပါ ။
လွမ်း

Comments
Post a Comment