မယားတောသူ

လူလည် ရန်ကုန်သား ငပြဲ တယောက် မိန်းမရှာရန် အလို့ငှါ ငကွဲရှိရာ ကံသာယာကျေးရွာသို့ ခရီးထွက်ခဲ့လေသည် … ။

မြို့က မိန်းမတွေ အကြောင်း ကောင်းကောင်း နောကြေနေသော ငပြဲ “မယားတောသူ” ဆိုသော စကားနဲ့ အညီ တောသူမလေး တစ်ယောက်ကို အတည်တကျ လက်ထပ် ယူရန် အရှာထွက်ခဲ့ လေသည်…။

၁၂ နာရီလောက် ကားစီးပြီးသည့် နောက်တော့ ငကွဲရှိရာ ရွာလမ်းဆုံသို့ ရောက်ရှိလေသည်…။ ငကွဲ လာကြိုနေသည်ကိုလည်း တွေ့လိုက်ရသည် ။

သူငယ်ချင်းနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်ပွေ့ဖတ် နှုတ်ဆက်ပြီးနောက် တောသဘာဝ တောအလှကို ခံစားရင်း လတ်ဆတ် အေးမြသည့် သဘာဝလေကို အားပါးတရ ရှုရိုက်ရင်း စကားတပြောပြောနှင့် ခြေလျင် လျောက်လာရာ ဆယ့်ငါးမိနစ်ခန့် လျှောက်ပြီးနောက် ရွာသို့ ရောက်လေသည် ။

ငပြဲတစ်ယောက်… စကားသာ ပြောနေတာ မူရင်း ရည်ရွယ်ချက်ကို လုံးဝမမေ့ ရွာအဝင်ကတည်းကစပြီး တွေ့သမျှ မိန်းကလေးတိုင်းကို တစ်ယောက်မှ အလွတ်မပေးပဲ ဗို့အား တစ်ထောင် အားဖြင့် ငမ်းကြော စစ်ဆင်ရေး ဆင်နေလေတော့သည်…။

ဒီလိုနဲ့ သုံးရက်လောက် စစ်ဆင်ရေး ဆင်ပြီးနောက် ကံသာယာရွာက အချောအလှလေး ရွှေအိရဲ့ အချစ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင် ခဲ့ လေတော့သည်…။

ဒီလိုနဲ့ မိသားဖသား ပီပီ ရွှေအိရဲ့ မိဘများဆီမှာ တောင်းရမ်း ပြီးနောက် မင်္ဂလာဆောင်ရန် အတွက် ရွှေအိကို မြို့သို့ ခေါ်ဆောင်လာ ခဲ့သည်…။

“ကိုပြဲ မင်္ဂလာဆောင်တယ် ဆိုတာ ဘယ်လိုမျိုးလဲ တော့..? ” ” အင်း.. နောက်မှ ရှင်းပြမယ်နော် ဟုတ်ပြီလား နောက်ပြီး… လက်တွေ့ပါ ပြမယ် ” ဒီလိုနဲ့ မြို့ရောက်တော့ ရပ်ကွက်ရုံးမှာ လက်မှတ် ထိုးတော့ ” ကိုပြဲ မင်္ဂလာဆောင်တယ် ဆိုတာ ဒါလားတော့..? ”

” မဟုတ်သေးပါဘူး ရွှေအိရယ် ” ဒီလိုနဲ့… မင်္ဂလာပွဲကြီး ကျင်းပပြန်တော့ ရွှေအိက ထပ်မေးပြန်တယ် ” ဒါကို ပြောတာလားတော့ မင်္ဂလာဆောင်တယ် ဆိုတာ ..? ” “ဟုတ်သေးဘူး”

ဒီလိုနဲ့ ညကျ မြို့သားငပြဲ နဲ့ တောသူ ရွှေအိတို့ မင်္ဂလာဦးညမှာ ချစ်ရည် လူးကျ ပါလေရောဗျ ာ… နှစ်ဦးသား ချစ်ပွဲဝင်ပြီးနောက် ရွှေအိက ထပ်မေး ပြန်တယ် ” ကိုပြဲ ဒါပြောတာလား တော့ မင်္ဂလာဆောင်တယ် ဆိုတာ” ဆိုတော့…

“ဟုတ်တယ် နင်မေးနေတဲ့ မင်္ဂလာဆောင်တယ် ဆိုတာ ဒါကို ပြောတာ” ငပြဲစကားလည်း ဆုံးရော ရွှေအိတစ်ယောက် ခွက်ထိုးခွက်လှန် ထရယ်လေရာ… ” နင်က ဘာရယ်တာတုန်းဟ” ဆိုပြီး ငပြဲက မေးမေးတော့ ရွှေအိက ရယ်ရင်း ဖြေလိုက်တယ်… “အမလေးတော်… မြို့မှာ မင်္ဂလာဆောင်တယ် ဆိုလို့ ဘာများလဲ မှတ်တယ် ဒီလို မင်္ဂလာဆောင်တာမျိုးကတော့ ကျုပ် အပျိုဖြစ်ကတည်းက ရွာမှာ နွားကျောင်းရင်းနဲ့ ခဏခဏ ဆောင်ဖူးပါ့တော်” သဲ့

ဗွတ်အဲ

နရီ

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား