တုံးလွန်းတဲ့ဓါး

” ကိုရင် ၊ ည မိတို့အိမ် လာခဲ့ ၊ အမေမရှိဘူး တောင်ဘက်ရွာ သွားတယ် ”

” အင်းပါ ကျုပ် လာခဲ့မယ် ”

ကိုရင် ရွှေမိ့တို့အိမ် ရောက်တော့

” ကိုရင် အမေ မရှိဘူးတော့ ”

” အဲဒါ ကျုပ်သိတယ်လေ ”

” ကိုရင် အိမ်မှာ မိ့တယောက်ထဲ ”

” ကျုပ်ရှိတယ်လေ ”

” ကိုရင် အမေက ဟိုဘက်ရွာမှာ ညအိပ် မှာတော့ ”

” အဲဒါလည်း ကျုပ်သိ တာဘဲ ”

” ကိုရင် ဟို … ကောင်းကင်ကို မော့ကြည့်စမ်းပါ ၊ မှောင်သွားတယ် လို့ မခံစားရ ဘူးလား ”

” ဪ မိ့ရယ် ၊ တယ်လည်း ခက်ပ ၊ လ ပေါ် တိမ်ဖြတ်ပြေးမှ တော့ မှောင်တာပေါ့ မိ့ရယ် ”

ရွေမိခမျာမှာ အမေ မရှိတုန်း ချစ်သူနဲ့ ချိန်းတွေ့တာ တီတီတာတာ ပြောရ ချစ်ရမလား မှတ်တယ် ။ အထာ ပေးလို့မသိ ၊ ရေနွေးချည်းပဲ လိမ့်သောက်နေတဲ့ ကိုရင်ကို သူ စိတ်မရှည်တော့ ဘူးလေ ။

ဆတ်ကနဲ့ ထင်းပုံနား ထသွားပြီး ဓါးမကြီး ယူလာပြီး ဒုန်း ဆို လွတ်ချလိုက်တယ်

” ဪ မိရယ် ဖြေးဖြေးလုပ်ပါ ၊ ဓါးက တုံး နေလို့လား ? ကျုပ် မနက်ဖြန်ကြ ကိုင်းထဲက မြတ်ရိတ် အပြန် သွေးယူခဲ့ ပမယ် ”

ဆိုပြီး ဓါးကို ခါးကြား ထိုးပြီး ပြန်သွားတဲ့ ကိုရင့်ကို ကြည့်ပြီး

ရွှေမိက

” ကိုရင် ၊ သွေးပေးမယ် ဆိုရင်ဖြင့် ဖြတ်ပစ်လို့ ရအောင် သွေးပေးစမ်းပါတော် ၊ ဒီဓါး တုံးလွန် လွန်းလို့ ”

😁😁😁
မေတ္တာဖြင့်အပြုံး

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား