မှတ်ပီလား

"ရှင့်မှာ အိမ်ရှိလား?" "မရှိဘူး"

"ကားရှိလား?" "မရှိဘူး"

"ငွေစုစာအုပ်ရှိလား?" "ဒါလည်းမရှိဘူး"

"ဘာမှ မရှိဘဲ ရှင်က ကျွန်မကို ချစ်ရေးဆိုချင်သေးတယ်!" "ကျွန်တော် ...."

ကောင်မလေးလှည့်ထွက်မယ်လုပ်တော့... ဟေ့.. ချာတိတ်..

ကိုယ်ဟာ.. လူပေါင်းထောင်သောင်းချီပြီး စီမံကွပ်ကဲတယ်။ အဲဒီလူတွေထဲမှာ ..

ဆရာဝန်ပါတယ်.. အင်ဂျင်နီယာပါတယ်.. ရှေ့နေပါတယ်.. တရားသူကြီးချုပ်တွေပါတယ်..
စီးပွားရေး လုပ်ငန်းရှင်တွေပါတယ်.. လက်ရှိ ဗိုလ်မှူးကြီးတွေလည်း ပါသလို လက်မဲ့ ဗိုလ်မှူးကြီး တွေလည်း ပါတယ်...., ပြီးတော့ .. "

စကားမဆုံးသေးဘူး၊ ကောင်မလေး ပြေးလာပြီး ခါးကိုဖက်လိုက်တယ်။ "ကြည့်စမ်း လူနောက်..
ဘာလို့ စောစောက မပြောတာလဲ.. ဒါနဲ့ ရှင်က ဘယ်ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလဲဟင်"

" ဘယ်ကုမ္ပဏီမှမဟုတ်ပါဘူး.. ဖေ့စဘုတ်ဂရု အက်မင်ပါ လိုစ့် "😁😁😁

မူရင်းရေးသူ အား ခရစ်ဒစ်ပါ

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား