#ခေတ်သစ် ချစ်ပုံပြင်#
ချစ်သူလေးနဲ့ ပန်းခြံမှာ ချိန်းတွေ့ကြတော့.. " ကိုကို..'' " ဘာလဲ! ..ချစ်ရဲ့ '' " ကိုကို ..ဘာလုပ်မှာလဲ? ..လုပ်စရာ ရှိတာ လုပ်တော့လေ " " ချစ်ကလည်းကွာ..ပန်းခြံကြီးထဲမှာ မကောင်းပါဘူး '' " ဟာ..ဘာတွေ ပြောနေတာလဲ..ကိုကို ညစ်စုတ်ပတ်ကြီး '' " သိဘူးလေကွာ..ချစ်က ဘာကို ပြောတာလဲ? "
" ချစ်ပြောတာက..ချစ်နဲ့ကိုကို ရီးဇား ဖြစ်တာ တစ်ပတ်ကြီးများတောင် ရှိပြီလေ ကိုကိုရဲ့ '' " ဟင်..တစ်ပတ်ကြီးများတောင်..'' " ဟုတ်တယ်လေ ကိုကိုရဲ့..ကြည့်..ကိုကို မမှတ်မိဘူး မဟုတ်လား ''
" ချစ်ပြောတာက..ချစ်နဲ့ကိုကို ရီးဇား ဖြစ်တာ တစ်ပတ်ကြီးများတောင် ရှိပြီလေ ကိုကိုရဲ့ '' " ဟင်..တစ်ပတ်ကြီးများတောင်..'' " ဟုတ်တယ်လေ ကိုကိုရဲ့..ကြည့်..ကိုကို မမှတ်မိဘူး မဟုတ်လား ''
" အမ်..ဪ.. ဟို..မှတ်မိပါတယ် ချစ်ရဲ့ '' ဖလူးမ ၇ ရက်တည်း ရှိသေးတာကို မမှတ်မိဘူးလား..လုပ်နေသေးတယ်.. " ချစ် ပြောတာ အဲ့ဒါ ..ကိုကို စီစဉ်စရာ ရှိတာ စီစဉ်တော့လေ ''
" ဟင်...ကိုကိုက ဘာကို စီစဉ်ရမှာလဲ '' " ဟာကွာ..ကိုကိုကတော့ တကယ်ပါဘဲ ။ ချစ်ကို ခိုးပြေးရင်လည်း ခိုးပြေး.. အိမ်မှာ လာတောင်းမယ် ဆိုလည်း လာတောင်းတော့လေ ''
" ငင် '' " အာ့..ဘာဖြစ်တာလဲ? " " ချစ် ချစ်ကလည်း..ခုမှ ရီးဇား ဖြစ်တာ.. ၁၀ ရက်တောင် မပြည့်သေးတာကို '' " ဟာ..ကြည့်စမ်း..ဒါဆို ကိုကိုက ချစ်ကို အပျော် တွဲတာပေါ့လေ ။ ယူဖို့ စိတ်ကူး မရှိဘူးပေါ့လေ..ဟုတ်လား ''
" ဟာ..အဲ့လို မဟုတ်ဘူးလေကွာ ။ အခုဟာက..အရမ်း မြန်...'' " ဟာ..မသိဘူး မသိဘူး ။ ကိုကို ချစ်ကို ယူမှာလား မယူဘူးလား.. တစ်ခွန်းတည်းပြော.. ။ မယူလို့ကတော့..ကာမ လိမ်လည်မှုနဲ့ တရားစွဲပြီသာ မှတ်ပဲ '' " ဟင်..မဟုတ်ဘူးလေ ချစ်ရဲ့ ။ ချစ်နဲ့ကိုယ်နဲ့က..ဘာဆို ဘာမှ မဘာရသေးဘူးလေ ''
" အာ့ဆိုလည်း...သွား ဘာမယ်.. လာ ..အခု ထ.. '' " မြတ်စွာဖျား '' အမလေးးလေးး..ကြောက်တောင် လာပြီဗျာ.. " ကဲ..ထ လေ '' " နေ နေပါအုံး ချစ်ရယ် ။ ကိုကိုက ချစ်ကို တကယ် လက်ထပ် ယူမှာပါ..ဒါပေမဲ့ ချစ်ရယ် အခုဟာက ချစ်မိဘတွေနဲ့လည်း ကိုကို မတွေ့ရသေးဘူးလေ ''" အို..အဲ့သည့်ကိစ္စတော့..မပူနဲ့ ။ ကိုကိုနဲ့ ချစ် ရီးဇား ဖြစ်တဲ့နေ့ကတည်းက အမေ့ကို ဖွင့်ပြောပြီးသား..''
" ဟင်..စ စ ဖြစ်တဲ့နေ့ကတည်းက..'' " ဟုတ်တယ် ကိုကိုရဲ့..ကိုကိုနဲ့ ရီးဇား ဖြစ်တဲ့ နေကတည်းက..''မေမေရေ..သမီးတော့ ရီးဇား ရသွားပြီ''လို့ တန်းပြော ပစ်လိုက်တာ'' "အွန်..အဲ့ အဲ့တော့..ချစ် ချစ်အမေက..ကောင်လေးက ဘယ်ကလဲ?..ဘာလုပ်လဲ?မိဘတွေက ဘယ်သူလဲ?..မျိုးရိုးကောင်းရဲ့လား ဘာလား ညာလား ဆိုပြီး တန်းမေးရောလား! ".
" ဟင့်အင်း..ဘာမှ မမေးဘူး ။ ရီးဇား ရရင်လည်း မြန်မြန် ယူပြီး မြန်မြန် အိမ်ပေါ်က ဆင်းတော့ တဲ့ ..ငါတို့လည်း ဝဋ် ကျွတ် ချင်လှပြီ တဲ့ '' " တိန် ''

Comments
Post a Comment