တိုက်ဆိုင်လိုက်ပုံများ

မနီတစ်ယောက်....အတန်းထဲတွင်အမြဲအိပ်ငိုက်လေ့ရှိသည်။ တစ်နေ့........မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာကြီးကိုဘယ်သူဖန်ဆင်းခဲ့သလဲ... ? မနီအိပ်နေနေသဖြင့်မကြားသောကြောင့် နောက်မှာထိုင်နေသောကိုဖြိုးက ဘော့ပင်ဖြင့်ထိုး၍သတိပေးလိုက်သည်။ ထိုအခါ မနီ။ ။ ဘုရားသခင် ( လန့်ပီးယောင်အော်ခြင်းဖြစ်သည်။) ထို့နောက်သူမ ပြန်၍အိပ်ပျော်သွားပြန်သည်။

ဆရာမ။ ။ တော်လိုက်တာ...နောက်ထစ်ခုထပ်မေးမယ်...တို့ရဲ့ကယ်တင်ရှင်ကဘယ်သူလဲ.....သမီး ?
ဆရာမမေးသည်ကို.....မနီမ ကြားအိပ်လို့ကောင်းနေသည် ။ ကိုဖြိုးမှထပ်၍.....ဘော့ပင်နှင့်ထိုး၍ သတိပေးရပြန်သည် ။ မနီ။ ။ ဂျီးဆပ်ခရစ် (လန့် ပီး..ယောင်အော်ပြန်သည်။) ထို့နောက်ပြန်၍အိပ်ငိုက်နေပြန်တော့သည်။

ဆရာမ။ ။ မှန်ပါတယ်....ကဲ...နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်.....၂၃ ယောက်မြောက်ကလေးမွေးပြီးတဲ့ အခါမှာ....ဧဝက..အာဒန်ကို.......ဘာပြောလဲ ? ဒီတစ်ခါတော့ ကိုဖြိုးက မနီကိုဘော့ပင်ဖြင့်ခက်နာနာထိုး ကာသတိပေးလိုက်သောကြောင့် မနီတော်တော်နာသွားကာ ရုတ်တရက်ထရပ်ပီး နောက်တစ်ခါငါ့ကို ထပ်ထိုးရဲထပ်ထိုးကြည့်......နင့်ဟာကိုထက်ပိုင်း ချိုးပစ်မယ်..ဆရာမခမျာ ဘုမသိဘမသိဖြင့်....မေ့လဲသွားရှာလေသတည်း။

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား