ဘာတတ်နိုင်သေးလည်း

တချိန်က ပိုးဆိုးပက်စက်တွေပြောပီး
လူပုံအလယ်မှာအရှက်တကွဲ ဖြစ်စေမဲ့စကားလုံးတွေနဲ့ဆဲဆိုပြီး . . .

'' သူ့သမီးနဲ့မတန်ဘူးတို့ ''

'' အမဲရိုးကဟင်းအိုးမှအားမနာတို့ ''

'' အနူလက်နဲ့ရွှေခွက်နှိုက်ချင်သေးတယ်တို့ '' ပြောခဲ့တဲ့မိန်းမကြီးက . . .

အခုတော့သူပြောခဲ့တဲ့ကောင်ရဲ့
ခြေရင်းမှာ
မျက်နှာငယ်လေးနဲ့
ကျုံကျုံလေးထိုင်ပြီးပြောနေတာ
မြင်ရတော့ တော်တော်တရားကျဖို့ကောင်းတဲ့လောကကြီးပါလားလို့တွေးမိတယ် …

သူသာတဲ့အချိန်တုန်းက

လူတဖက်သားကိုမတရားပြောဆိုလာသမျှ
ခုတော့ခြေရင်းမှာကျုံ့ကျုံ့လေးနဲ့ ဝဋ်ဆိုတာ
သိပ်ကြောက်ဖို့ကောင်းတယ်..

အခုတော့အဲ့မိန်းမကြီးက
သူပြောခဲ့ဆိုခဲ့တာတွေအတွက်
စကားပြောတာတောင်တိုးတိုးလေးရယ် …

.

"အရှင်ဘုရား မနက်ဖြန်တပည့်တော်တို့အိမ်ကို
အာရုံဆွမ်းစားကြွပါတဲ့"

..Ko Zay....

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

ပြန်ရွေးချင်လို့