ပြန်ရွေးချင်လို့

“မိန်းမရေ ၊ မင်းနားကပ်လေး ချွတ်ပေးစမ်း ပါကွာ ၊ ဒီမှာ တော်တော် အနေရ ခက်နေလို့ ”
“ရှင် ဘာမဟုတ် တာတွေ လုပ်နေပြန်တာလဲ ၊ အဲဒိ ဥပဒေနဲ့ မကင်းတဲ့ ဟာတွေ မလုပ်စမ်းပါနဲ့တော် မပေးနိုင် ပါဘူး”


“ဟယ် … ဒီမိန်းမ ဘာတွေ ပြောနေ တာလည်း ၊ နေရင်း ထိုင်ရင်း  ငါ့ ထောင်ထဲ ထည့်နေပြန် ပါပြီ ၊ ဘာမှ မလုပ်ပါဘူးဟာ ဒီမှာ ပူလွန်း  အားကြီးလို့ ဧရာဝတီမြစ်ထဲ ရေသွား စိမ်ချင်လို့ နင့်  နားကပ် လေးအပေါင်ဆိုင် သွားပေါင်ပြီ ဧရာဝတီကို ပြန်ရွေးချင်  လို့ပါဟ” “ရှင့်နဲ့တော် ကိုယ် တွေ မှာတောင် မနက် ညစာ အနိုင်နိုင်  စားသောက်နေ ရတာ ကျွန်မမှာလည်း ရွှေဆိုလို့ ပြစရာ ဒီနားကပ်လေး  တရံပဲ ရှိတော့တာ မပေးနိုင်ပါဘူးတော် … မပေးဘူး … နေစမ်းပါအုန်း  ရှင်က ဘယ်တုန်းက ဧရာဝတီကို သွားပေါင်လိုက် တာတုန်း” “ငါပေါင်တာ မဟုတ်ပါဘူးဟာ”

“ရှင်ပေါင်တာ မဟုတ်ရင် ဘာကိစ္စ နဲ့ ရှင်က ပြန်ရွေးပေးရ မှာတုန်း” “ငါလည်း မသိပါဘူး မနက်က လက်ဖက်ရည် ဆိုင်မှာ ပြောနေကြတာ ကြားလာ  လို့ တို့ပြည်သူတွေက ဧရာဝတီကို ပြန်ရွေးရမယ် လို့ ဖုန်းထဲမှာ  ပါလာတယ်တဲ့ အဲဒါ ငါလည်း ပြန်ရွေးရမလား လို့ပါ” “အမလေးတော် ၊ ရှင်နဲ့ လည်း ရာရာစစ ၊ ကိုယ်ပေါင် ထားတာ  မဟုတ်တဲ့ဟာ ကိုယ်က ဘာကိစ္စရွေးရ မတုန်း ပေါင်ထားတဲ့ သူတွေ ရွေးကြရ  မှာပေါ့”
သူပြောတာလည်း ဟုတ်တာပဲ “ဒါနဲ့ ယောင်္ကျား အဲ့ ဧရာဝတီမြစ်ကြီးကို ဘယ်သူက ပေါင်ထား တာတုန်း”
“ငါလည်း ရေရေ လည်လည်တော့ မသိ ပါဘူးဟာ အဘ ဆိုလား အဘိုး ဆိုလားပဲ ……..”
📷
“ရှင်နဲ့နော် ရေရေရာရာ မသိပဲနဲ့များ ကျွန်မ နားကပ် လာချွတ်ခိုင်း နေသေးတယ် မပေးနိုင် ပါဘူးတော်”
”ရှင့်ဟာရှင် ရွေးချင် သပ ဆိုလည်း ကိုယ်ဝှါလေးသာ ကိုယ်  ပြေးပေါင်လိုက် ပါလား ဒါပဲနော် ရှင်ပေါင်ပြီး လို့ ကတော့  ကျွန်မလည်း တဝက် ဆိုင်တယ် ဒါပဲ ” ” ကျွန်တော်လည်း တွေးမိလိုက် ပါတယ် ၊ ဧရာဝတီတော့ ဆုံးတော့မယ် ထင်တယ် ၊ ကြာရင် အတိုးတွေ ထပ် တက်လာတော့ မယ်လို့”
“ပေါင်ထားတဲ့ အဘများ ကွကိုယ်သာ ပြန်ရွေးကြ ပါလို့  ကျွန်တော်တို့လည်း အမေ မွေးထားတဲ့ အမွေဆိုလို့ ဟိုဝှါလေးပဲ ရှိတယ် ၊  ခုမိန်းမလည်း ရရော ဝှါလေးတောင် တဝက်ပဲ ပိုင်ပါ တော့တယ်  အဘတို့ရယ်”
Kwee Yell 21.4.2019

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား