ငါ့ဟာ

မတွေ့တာ ကြာပြီ ဖြစ်သော ကိုချွန်နှင့် ကိုလှဦး သူငယ်ချင်း နှစ်ယောက်ဟာ ပြန်ဆုံချင်း အထိမ်း အမှတ်ဖြင့် စားသောက်ဆိုင်တွင် သောက်ကြ စားကြ လေသည် ။ ထိုသို့ စားသောက် ကြရင်း ဖြင့် ည မိုးချုပ် သွားပြီး သူငယ်ချင်း ဖြစ်သူ ကိုလှဦး မှာ ရေချိန် လွန်ကာ အရမ်း မူးနေ သဖြင့် ကိုချွန်က

” ဟျောင့် လှဦး မင်း အရမ်း မူးနေပြီ မင်းအိမ် ကို ငါ လိုက်ပို့ ပေးမယ် မင်း နေတဲ့ လိပ်စာ ပြော ”

ထိုအခါ ကိုလှဦးက အာလေး လျှာလေး ဖြင့်

” အေးး ကောင်းတယ် လိုက်ပို့ကွာ မင်းကို ငါ့မိန်းမနဲ့ မိတ်ဆက် ပေးမယ် လာ ငါ့မှာ ကားပါတယ် မင်း မောင်းပြီး လိုက်ပို့ ကွာ ”

” အေး လိုက်ပို့မယ် ”

” ဟော ဟိုမှာ တွေ့လား လင်ခရူဆာ အဖြူလေးလေ အဲ့ဒါ ငါ့ကား လေ ငါ့ကား ငါ ပိုင်တဲ့ ကားပေါ့ အေ့”

” အေးပါကွာ ဟုတ်ပါပြီ လာ ”

သို့ဖြင့် ကိုလှဦး အိမ်ရှေ့သို့ ရောက်သောအခါ ကိုလှဦးက

” ဟိုး ဟိုးထား ရောက်ပြီ ရောက်ပြီ ဟျောင့် ငချွန် ဒါ ငါ့ခြံလေ ငါပိုင်တဲ့ ခြံပေါ့ ဟာဟ ”

” အေးပါကွာ အေးပါ အေးပါ ”

ခြံစောင့်မှ တံခါး လာဖွင့် ပေးသဖြင့် ခြံထဲရောက်သော် ကိုလှဦးက

” ဟျောင့် ဒါ ငါ့တိုက်လေ သိလား ငါ နေတဲ့ တိုက်ပေါ့ ဟာဟ ၊ လာ လာ အထဲမှာ ငါ့မိန်းမ ရှိတယ် အိပ်နေပြီ လားတော့ မသိဘူး လာ ဟျောင့်”

နှစ်ယောက်သား အိမ်ထဲ ရောက်သော် ကိုလှဦးက

” ဟျောင့် ငချွန် တွေ့လား ငါ့ အိမ်က အကျယ်ကြီးကွ ဟိုမှာ တွေ့လား TV ၄၂ လက်မကြီး အဲ့ဒါ ငါ့ဟာလေ ငါပိုင်တာပေါ့ ၊ ဟိုမှာ ကြည့်ကြည့် ဆိုဖာခုံတွေ တွေ့လား အဲ့ဒါ အကုန်လုံး ငါ့ဟာတွေ ပဲ ဟာဟ ”

” အေးပါကွာ မင်းတိုက် ဆိုမှတော့ ဒါတွေ မင်းဟာမှန်း ငါ သိပါတယ် ၊ မင်းအရမ်း မူးနေပြီ မင်းအိပ်ခန်း ဘယ်မှာလဲ ငါ လိုက်ပို့ပေးမယ် ”

” အေး လာ ငါပြမယ်”

သို့နှင့် အိပ်ခန်းသို့ ရောက်သော်

” ဒါ ဒါ ဒါ ငါ့ အိပ်ခန်းပဲ”

ကိုချွန်က ကိုလှဦးအား တွဲ၍ အိပ်ခန်းထဲသို့ ပို့ဆောင် ပေးသည် ။ အိပ်ခန်းထဲ ရောက်သော် ကိုလှဦးက

” ဟော ရောက်ပြီ ဟျောင့် ဒါ ငါ့အိပ်ခန်းပဲ သိလား ၊ ဟိုမှာ တွေ့လား ကုတင်ပေါ်မှာ အိပ်ပျော်နေတာ အေး အဲ့ဒါ ငါ့မိန်းမပဲ ၊ ငါယူထားတဲ့ မိန်းမပေါ့ ဟာဟ”

ကိုလှဦး ညွန်ပြရာ ကြည့်လိုက်ပြီး ကိုချွန်မှာ ဇဝေဇဝါဖြင့်

” ဟျောင့် ဒါ ဒါ မင်း အခန်း ဟုတ်တာ သေချာ ပါတယ်နော်”

” ဟာ ဟုတ်ပါတယ်ကွ ဒီအိမ်ကြီးမှာ ငါနဲ့ ငါ့မိန်းမ နှစ်ယောက်တည်း နေတဲ့ ဟာကို မင်းကလည်း ”

ထိုအခါ ကိုချွန်က

” ဒါဆို မင်းမိန်းမ ဘေးမှာ အိပ်နေတဲ့ အမျိုးသားက ဘယ်သူလဲ ကွ ”

ဤအခါ ကိုလှဦးမှာ အားပါး တရ ရယ်မော လိုက်ရင်း

” ဟားဟား ဟားဟား ငချွန်ရာ မင်းက အတော် ရီရတဲ့ ကောင်ပဲ ၊ ငါ့မိန်းမ ဘေးမှာ အိပ်နေတာ အဲ့ဒါ ငါပေါ့ဟ ”

” ဟေ ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား