ကျမသား မဖြစ်နိုင်ပါဘူး

ရပ်ကွက်တခုအတွင်း လူတစ်ယောက် လမ်းလျှောက်လာစဉ်

” ဝှစ် ”

လောက်စလုံး တစ်လုံးမှာ ထိုလူ၏ နားရွက်နား မှ ပွတ်ကာ သီးကာ ဖြတ်ကျော် သွားလေရာ

” ဟာ ”

ထိုလူလည်း ဒေါပွ သွားပြီး ” ဘယ် ကမြင်းမသား တွေ လက်ကမြင်းနေ တာလဲကွ ဟေ ”

ထိုလူက ပြောပြော ဆိုဆို ပတ်ဝန်းကျင်ကို စူးစမ်း ရှာဖွေလိုက်ရာ ခြံတစ်ခြံ အတွင်းမှ လေးဂွ တစ်လက် ကို ကိုင်ထားသော ကလေး တစ်ယောက်ကို တွေ့မြင်သွား လေသည်

” ငါ့ကို ဂွ နဲ့ ပစ်တာ ဒီကလေးပဲ နေမှာ သူ့မိဘနဲ့ တိုင်ရမယ် ” ထိုလူက ပြောပြီး ခြံဝမှ လှမ်းအော် လိုက်သည်

” အိမ်ရှင်တို့ အိမ်ရှင်တို့ ဒီအိမ်က လူကြီး တစ်ယောက်လောက် ထွက်ခဲ့ ပါအုံး ”

ဤအခါ အိမ်အတွင်းမှ အမျိုးသမီး တစ်ဦး ထွက်လာပြီး ” ဘာ ကိစ္စ ရှိလို့ပါလဲ ရှင် ”

” ဟို ကလေးက ခင်ဗျားသား လား ? ” ” ဟုတ်ပါတယ် ရှင် ”

” အဲ့ ကလေးက ကျုပ်ကို လေးဂွနဲ့ ပစ်တယ်ဗျ ” ” အို ဟုတ်လို့လားရှင် ကျမကလေးက တိရိစ္ဆာန်တွေ ကိုပဲ ပစ်တတ် တာပါ ” ” ဘာ ! — ဒါဆို ကျုပ်က တိရစ္ဆာန် လား ”

” အယ် အဲ့လို ပြောတာ မဟုတ်ပါဘူးရှင် သူက ငှက်တွေပဲ လိုက်ပစ်နေကြ မို့ပါ ”

” ဟွန်း ”

” ဒါနဲ့ ကျမ ကလေးက ပစ်တာကို ရှင် မြင်လိုက်လို့လား ”

” မြင်တော့ မမြင်ဘူးပေါ့ဗျ ဒါပေမဲ့ ဒီနားမှာ လေးဂွ ကိုင်ထားတာ ခင်ဗျားသားပဲ ရှိတာကိုး
သူပဲ ဖြစ်နိုင်တာပေါ့ ”

” ကဲ ထားပါတော့ရှင် ကျမသား ပစ်တယ် ဆိုလည်း တောင်းပန်ပါတယ် ဒါနဲ့ ဘယ်များ ထိသွားလဲရှင့် ”

” ကံကောင်းလို့ ထိတော့ မထိဘူးပေါ့ ဗျ ” ထိုအခါ ကလေး၏ အမေက ခါးထောက်ပြီး ဤသို့ ပြန်ပြောလိုက် ပါတော့သည်

” အာ့ဆိုရင်တော့ ကျမသား မဟုတ်ဘူး သူက လက် သိပ် တည့် တာရှင့် ပစ်မလွဲပဲ ”

” အမ် ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား