နောက်ဆုံးဆန္ဒ

သေအံ့ဆဲဆဲ လူ တယောက်ဟာ သူ မသေခင် သူ့ရဲ့ဇနီးသည်ကို နောက်ဆုံးဆန္ဒ အနေနဲ့ မှာကြားခဲ့ ပါတယ်

” ငါ မသေခင် ငါ ဖြစ်ချင်တဲ့ ဆန္ဒလေးကို မှာကြားခဲ့ချင်တယ် မိန်းမရယ် ” ဤအခါ မိန်းမဖြစ်သူက

” ပြောပါ ရှင် ရှင့် ဆန္ဒအတိုင်း ဖြည့်ဆည်းပေး ပါ့မယ် ” မိန်းမဖြစ်သူ၏ စကားကြောင့် လူနာမှာ အားရှိသလို ခံစားသွား ရပြီး ” ငါ မရှိတော့ရင် ဘုရင့်နောင်က ပွဲရုံလုပ်ငန်းကို အလတ်မ မိကြည်ကို ဦးစီး စေချင်တယ်ကွာ ” ” အို တော် အလတ်မနဲ့ ပွဲရုံလုပ်ငန်း နဲ့ မဖြစ်ပါဘူး ၊ ကျမကတော့ အကြီးကောင် ထင်ကျော် ကိုပဲ ဦးစီး ခိုင်းလိုက်ချင်တယ် ” လူနာက ဇနီးဖြစ်သူကို မျက်စောင်း ထိုးလိုက်ပြီး

” အေးအေး ဒါဆိုလည်း အကြီးကောင်ပဲ ပေးလိုက် ပေါ့ကွာ ” ” ဟုတ်ကဲ့ပါ ရှင် ”

” အင်း တာမွေက စတိုးဆိုင်လေး ကိုတော့ အငယ်မ ထွေးခင်ကို ပေးချင်တယ်ကွာ ” ” အမလေး မလုပ်လိုက် ပါနဲ့ရှင် ၊ ရှင့်သမီးက ပေါ့ပျက်ပျက်နဲ့ စတိုးဆိုင် ဒေဝါလီ ခံသွားရပါအုံးမယ် ၊ ဒီလိုလုပ် အဲ့စတိုးဆိုင်ကို အလတ်ကောင် မြင့်ကြိုင်ကို ပေးလိုက်ရှင် ”

လူနာက စိတ်နည်းနည်း တိုလာလေသည် ။ သို့သော်လည်း သက်ပြင်းကို ” ဟင်း ” ကနဲ ချလိုက် ရင်းက ” အေးပါကွာ အာ့ဆိုလည်း မင်းသဘောပါ ၊ ဒါပေမဲ့ ငါ စီးနေတဲ့ကား ကိုတော့ အငယ်ကောင် လှဖေကို ပေးလိုက်နော် ”

” အို မဖြစ်ပါဘူး ယောကျ်ားရယ် ၊ ရှင့်သားငယ်က အမြဲတမ်း အပြင်ကို လပ်ယားလပ်ယား ထွက်ချင် နေတာ အဲ့ကားသာ ပေးလိုက်ရင် အိမ်ကို ကပ်မှာ မဟုတ်တော့ဘူး ၊ ဒီတော့ ကားကိုတော့ ကျမပဲ ယူလိုက်မယ် ဟုတ်ပြီလား ”

ထိုအခါ လူနာမှာ သီးမခံနိုင် တော့ပဲ စိတ်ဆိုးဆိုးနဲ့ ဤသို့ ထ ပြောလိုက်ပါတော့တယ် ” ဖလူးမ မသာမ သေမှာက နင်လား ငါလား ”

” အမ် ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား