မိန်းမများကို ဘယ်တော့မှ လျှော့မတွက်ရ
အမျိုးသမီး တယောက်ဟာ ရှော့ပင် ထွက်ပြီး ငွေရှင်းဘို့ ကောင်တာကို ရောက်လာတယ် ။ ငွေရှင်းဘို့ လက်ကိုင်အိပ်ကို ဖွင့်လိုက်တော့ တီဗွီ ရီမုတ် ကွန်ထရိုး တခုကို သူ့အိပ်ထဲ ထည့်လာတာကို ငွေကောင်တာက စာရေးက မြင်လိုက်တယ် ။
မနေနိုင်တဲ့ ကိုစာရေး က စပ်စပ် စုစု မေးလိုက်တယ် ။
” အော် … အစ်မ က တီဗွီ ရီမုတ် ကွန်ထရိုးကို အမြဲပဲ ကိုယ်နဲ့မကွာ ထားတတ် တာကိုး ”
” အမြဲတော့လည်း မဟုတ်ပါဘူးရှင် ။ ဒီနေ့က ကျွန်မ အမျိုးသားက ကျွန်မနဲ့ ဈေးကို တူတူ လိုက်ဖို့ ငြင်းတယ်လေ ။ အဲဒီတော့ သူကြိုက်တဲ့ ဘောလုံးပွဲ လိုင်းတွေ ပြောင်းရ ခက်အောင် သင်ခန်းစာ ပေးဘို့အိပ်ထဲ ထည့်ယူလာခဲ့ တာပါ ။ ဟင်း … ဟင်း … ဟင်း ”
လက်စင်မှာ ဝမ်း ….” ကိုယ့်မိန်းမကို ကိုယ် ဝန်းရံပါ။ ”
ကောင်တာ စာရေးက ရယ်ပြီးတော့ အမျိုးသမီး ဝယ်ထားပြီးသား ကုန်ပစ္စည်းတွေ အားလုံးကိုသူ့ဘက် ပြန်ဆွဲပြီး သိမ်းလိုက် သတဲ့ ။ ဒီတော့ ဈေးဝယ် အမျိုးသမီးက အံ့အားသင့် သွားပြီး
📷
” ဟင် ရှင် ရှင် ဒါ ဘာလုပ်တာလဲ ရှင့် ”
” အားတော့ နာပါတယ် အစ်မ ရယ် ၊ သည်းခံပါနော် ၊ အစ်မ အမျိုးသားက အခုလေးတင် အစ်မရဲ့ အကြွေးဝယ် ကဒ် ကို လှမ်းပိတ်လိုက် လို့ပါ ။ စိတ်မရှိပါနဲ့ နော် ”
လက်စင်မှာ တူး …” ကိုယ့်ယောက်ျား ဝါသနာ … ကိုယ် လေးစားပါ ။ ”
ဇာတ်လမ်းက ဒါနဲ့တင် မဆုံးသေး ဘူးတဲ့ ခင်မျ ။
အမျိုးသမီး က ခေတ်ဟောင်းက ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဘေဘီနွဲ့ ပြုံးသလို ရှရှလေး ပြုံးလိုက်ပြီး အိပ်ထဲက သူ့ယောက်ျားရဲ့အကြွေးဝယ်ကဒ်ကို ဆွဲထုတ်လိုက် ပြီးတော့ ကျသင့်ငွေကို အကုန် ပေးချေ လိုက်ပါ တော့တယ် ဗျား ။
ယောက်ျား လုပ်သူက သူ့ကဒ်တော့ သူ ဘယ်ပိတ်မိမှာလဲ နော် ။
လက်စင်မှာ သရီး အထူး အရေးကြီး ” ကိုယ့်မိန်းမကို ကိုယ် ဘယ်တော့မှ လျှော့မတွက်ရ ”
Crd

Comments
Post a Comment