တရားရုံးရောက်မှ အမြင်မှန်ရသွားတဲ့ ချိဖ

တရားရုံး တခုတွင် ဖြစ်သည် ။

တရားသူကြီးက လင်မယား ကွာရှင်းခွင့် တောင်းခံထားသော အမျိုးသားကို မေးသည် ။

” မင်းမိန်းမနဲ့ ဘာလို့ ကွာရှင်းချင်တာလဲ ”

” သူက ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူ ခွာခိုင်းတယ်

ကြက်သွန်နီ လှီးခိုင်းတယ်

ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့် ”

” အဲဒါ ဘာများ အပန်းကြီးလို့လဲ … လွယ်လွယ် လေးဟာကို

ကြက်သွန်ဖြူ မခွါခင် မီးအပူလေး ပေးလိုက် အခွံခွာရတာ လွယ်သွားမယ်

ကြက်သွန်နီ လှီးခိုင်းရင် လှီးမဲ့ ကြက်သွန်ကို ရေခဲသေတ္တာ အထဲ ခဏထား

နောက်တော့ လှီးကြည့် မျက်စိ မစပ်တော့ဘူးပေါ့ ဒီလိုပဲလေ ..

ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက် စိမ်ထား

ဆေးရတာ လွယ်လွယ်လေး

ဒါပေမဲ့ မင်းကို အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား …

နောက် အဝတ်လျှော် ခိုင်းရင် ဒီလိုလုပ်ကွ …

သေချာမှတ်ထား ….

အဝတ် မလျှော်ခင် ဆပ်ပြာရည် အထဲမှာ အဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား။

ဂျီးတွေ သူ့အလိုလို ထွက်လာမယ်

လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့

ပြီးတော့ … သနပ်ခါး … သွေး … ”

” ရပါပြီ ခင်ဗျ …

ကျနော့ လျှောက်လွှာ ပြန်ရုပ်သိမ်းခွင့် ပြုပါ တရားသူကြီးမင်း ခင်ဗျား ”

” မင်း ငါပြောတာ နားလည်သွားလို့ပေါ့ ဟုတ်လား ”

” အမှန်တော့

ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါသေးတယ် ဆိုတာ သိသွားလို့ပါ … ”

” တိန် ”

မူရင်း ရေးသားသူ ခရစ်ဒစ်ပါ

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား