ယောက်ခမကြီးရဲ့ အင်တာဗျူး

ချွန်ချွန်နဲ့ ခင်ဝင့်ပြာနဲ့ ချစ်သူ ဖြစ်တာကို ယောက္ခမ လောင်းကြီးက သိသွားတော့ တွေ့ချင်လို့ ဆိုပြီး သူ့အိမ်ကို ခေါ်တယ် ။ သူ့အိမ် ရောက်တော့ ဗျူးပါလေရော ။

” မင်းနာမည်က ”

” ချွန်ရဲလင်း ပါ ”

” အောင်ရဲလင်း နဲ့ အမျိုးလား ”

” မဟုတ်ပါဘူး ၊ ကျတော်က ဒီနာမည်ကို အရင် မှည့်ထားတာပါ ၊ အာ့ကို မင်းသား အောင်ရဲလင်းက အတု ခိုးပြီး လိုက်မှည့် ထားတာပါ ”

” အော် ”

” အား …”

” ဟ ဟ ဘာဖြစ်တာ တုန်း လန့်ထှာ ”

” ဟင် ဦးလေးပဲ ‘ အော် ‘ ဆို ”

” ဟာ ၊ ခွေးမသား စကား အထအန လိုက်ကောက်နေ ပြန်ပြီ ”

ကျန်း သမက်လောင်း ကို ခွေးမသား တဲ့ ၊ သူ့သမီး လင်တော်မယ့် သူကို ပြောရက်ထှာ ။

” ဝုတ် ဝုတ် အဖေ ဆော်တီးပါ ”

” ဒါနဲ့ ဘာ လုပ်စားလဲ ကွ ”

” ဟုတ်ကဲ့ ၊ တခါတလေ မုန့်ဟင်းခါး လုပ်စား ပါတယ် ”

” ဟာ အဲ့ဒါ ပြောတာ မဟုတ်ဘူးဟ ၊ ဘာ အလုပ်အကိုင် လုပ်လဲ ပြောတာ ”

” ဪ ဖီဖီ ကလည်း ရှင်းရှင်း မပြောဘူး ၊ အစိုးရ ဝန်ထမ်းပါ ခင်ဗျ ”

” ဪ ဒါဆို ရင်တော့ မဆိုးပါဘူး ”

” ဒါနဲ့ မင်းက ငါ့သမီးကို တကယ် လက်ထပ် ယူမှာပါ နော် ”

” ဟုတ်ကဲ့ ယူမှာပါ ခင်ဗျ ၊ လက်ထပ်ပြီး ရိုးမြေကျ ပေါင်းသင်း မှာပါ ခင်ဗျ ”

” အိမ်း ကောင်းပါတယ် ကောင်းပါတယ် ၊ ဒါနဲ့ မင်း အရက် သောက်တတ်လား ”

” ဟာဗျာ ဦးလေးကလည်း ဒီမှာ အရေးကြီးတဲ့ မင်္ဂလာကိစ္စ ပြောနေတာကို အရက်သောက်ဖို့ လာ ပြောနေတယ် ၊ သောက်ချင်ရင် ဒီကိစ္စပြီးမှ အတူတူ သွားသောက် ကြမယ်လေ ”

” ဘာကွ ”

လိုက်ရိုက်လို့ ပြေးခဲ့ရ ပါရောလား ။
သိဝူးလေ ၊ သူ သောက်ချင်လို့ မေးတယ် မှတ်တာပေါ့ ။

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား