ပြတ်ချင်လို့

“ဗျို့ သူကြီး ၊ သူကြီး ရှိလားဗျို့”

“ဟေ ၊ ဘယ်သူတွေ လဲကွ”

” ကျွန်တော် မောင်ကျော်ပါ ၊ ကျုပ် ဒီမိန်းမနဲ့ မပေါင်းနိုင်တော့လို့ ၊ ဖြတ်ချင် လို့ပါ သူကြီး”

” လုပ်လာပြန်ပီ မောင်ကျော်ရာ ၊ မင်းတို့မှာလဲ ထစ်ခနဲ မရှိလိုက်နဲ့ ရန်ဖြစ်ကြရော ၊ ပီးရင် ပြတ်မယ် ဖြတ်မယ်နဲ့ တကယ်တမ်း ကြတော့ ဘာမှလဲ မဟုတ်ကြ ပဲနဲ့ကွာ”

” ဒီတခါ တကယ် ဖြတ်မှာ သူကြီး ၊ သူက ကျုပ်ပါးကို ဆော်သွား တာဗျ”

“မောင်ကျော်ပြောတာ ဟုတ်သလားဟေ့ မိသင်း”

“ဟုတ်တယ် သူကြီး ၊ ဖြစ်နိုင်ရင် နောက်ထပ်ကို ထပ်ရိုက်လိုက် ချင်သေးတာ”

“ကဲပါ တော်ကြတော့ ၊ ဘယ်လို ဖြစ်တာလဲ ဆိုတာ ငါ့ကို ပြောကြစမ်း”

“ကျွန်တော်က ‘ မသေခင်လေးမှာ နှစ်ယောက်သား ချစ်ချစ် ခင်ခင် ပျော်ပျော် ရွှင်ရွှင်နဲ့ နေချင် လိုက်တာ ‘ လို့ ပြောမိ တာလေး ကိုဗျာ ၊ ဒီကောင်မက ကျုပ်ပါးကို ဆော်သွား တယ်ဗျ ”

” ဟဲ့ မိသင်း ၊ နင်ကလဲ ဒါလေး ပြောတာနဲ့ ရိုက်စရာလား ၊ ဒါကတော့ နင်လွန်တာ ပေါ့ဟ”

“ဘာမှ မသိပဲနဲ့ သူကြီးကလဲ ၊ ဒီမသာကောင် ဆက်ပြော တာက ‘ သူ အဲ့လို နေချင်တာက နောက်မိန်းမ နဲ့ ‘ တဲ့”

“အမ်”

” အဲဒီတော့ ကျမကလဲ လက်ခုပ် ဆိုတာ နှစ်ဖက် တီးမှ မြည်တာ ၊ ပါးရိုက်ဖို့က လက်တဖက်ပဲ လိုတာလို့ သက်သေ ပြလိုက် တာလေ ”

“တိန်”

ကိုကျော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား