ဘုန်းကြီးနှင့်သူခိုး
(၁) ရွှေကူရွာဦးကျောင်း ဆရာတော် ဦးကောဝိဒ စိတ်ညစ်နေသည်။မီတာခ ပေးစရာမရှိသေးသည့် အပြင် အာရုဏ်ဆန်ကလည်း ကုန်တော့မည်။ ကျောင်းသားတွေကို မုန့်ဖိုးမပေးနိုင်တာကလည်း ကြာပြီ။
လွန်ခဲ့သောနှစ်တွေကို ဦးကောပြန်လွမ်းချင်လာ သည်။ အဲဒီတုန်းကဆိုရင် ဗေဒင်ဟောသည့်အတွက် ဆွမ်းကွမ်း ပူစရာမလို။ ဗေဒင်မေးသည့် အမျိုးသမီးတွေကလည်း ကျောင်းမှာ တရုံးရုံး။
ဒေါ်ခင်သစ်တို့ ညီအမနှင့် သူငယ်ချင်းတွေကလည်း ကျောင်းကို မကြာခဏလာ၍ လိုအပ်တာတွေ လှုဒါန်းပြီး ဝေယျာဝေစ္စတွေလည်း လုပ်ပေးတတ် သည်။ယခုတော့ ဗေဒင်မဟောတော့ ဘယ်သူမှ မလာတော့။
(၂)
ဆွမ်းစားကွမ်းစားကလည်း ရှားရတဲ့အထဲ မြို့ပေါ်က ဦးကုဏ္ဍလ၊ဦးသီတလနှင့် ဦးပညာသီရိ တို့ကလည်း လာလာနှိပ်စက်သည်။
"ဦးကော၊ အာဂန္တုတွေလာတုန်းစားဖို့သောက်ဖို့ ကွမ်းယာလေး ကော်ဖီမစ်လေး ဝယ်ထားစမ်းပါ"
"ဟေ့ကောင်တွေ၊ မင်းတို့အတွက်မပြောနဲ့၊ ငါနဲ့ ငါကျောင်းသားကိုရင်တွေတောင် ဘာမှ ဝယ်မပေးနိုင်ဘူး၊ ဆွမ်းခံရတာလေး အားပြု စားနေရတာ"
ဦးပညာသီရိက "ကျောင်းထိုင်ဖြစ်နေပြီး ညဉ်းလိုက်တာလဲ လွန်ရော၊ တောင်းကြွက်ကိုက် တာကျနေတာပဲ"
"အေးပါ၊ မင်းတို့ ကျောင်းထိုင် ဖြစ်ရင် သိပါလိမ့်မယ်"ဟု ဦးကောက ပြန်ပြောလိုက်သည်။ ဦးသီတလက "အရှင်ဘုရားအဖြစ်က တပည့်တော် ရွာဘက်ကဘုန်းကြီး ပြောသလို ဖြစ်နေပြီ"
"ဘိုသီ မိန့်စမ်းပါအုံး"ဟု ဦးကုဏ္ဍလက ပြောသည့်အခါ ဦးသီတလက "ရွာဘက်က ဘုန်းကြီးတစ်ပါးက အမြဲလိုလို ပိုက်ဆံမရှိကြောင်းညဉ်းတယ်၊ ကြာတော့ မနေနိုင်တဲ့ ဒကာတစ်ယောက်က "အရှင်ဘုရား၊ သာရေးနာရေးတွေ မလိုက်ရဘူးလား"လို့ လျှောက်တဲ့အခါ
ဘုန်းကြီးက"ရွာထဲက လူတွေကတော့ သေပေးပါတယ်ကွာ၊ ငါကိုက အသုံးအဖြုန်း မိုက်တာ" ဟု ပြောလိုက်သတဲ့" "ဦးကောလည်း အဲလို ဖြစ်နေပြီလား"

Comments
Post a Comment