လုပ်လိုက်လေ လုပ်လိုက်ပါ
တခုသော နံနက်မှာ အမတ်ကြီး ဦးပေါ်ဦးရဲ့ အိမ်ရှေ့ ပြောင်လက် ရှင်းသန့်နေတဲ့ အိမ်ဝင်းထဲကို လူတယောက် ဝင်လာတယ် ။ သူက မင်းလုလင် တယောက် ဖြစ်တယ်။
နန်းမြို့ မြို့ရိုး အတွင်း ရွှေနန်းတော်ကြီးနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ဦးပေါ်ဦးရဲ့ အိမ်အနေနဲ့ အမြဲ သန့်ရှင်း နေတယ် ။ အိမ်ရှေ့မှာလည်း ဦးပေါ်ဦး ကိုယ်တိုင် နံနက်တိုင်း တံမြက် လှည်းထားလေတော့ အမှိုက် တပင် မရှိဘူး။ ရှင်းသန့် ပြောင်လက် နေတယ်။
အဲဒီနေရာကို ရောက်လာတဲ့ မင်းလုလင်ဟာ ဘာမပြော ညာမပြော အခင်းကြီး သွားမယ့်ပုံနဲ့ ထိုင်ချလိုက်တဲ့ အတွက် “ ဟဲ့ ဟဲ့ အဲဒါက ဘာလုပ်မလို့လဲဟေ ” ဦးပေါ်ဦး ပြူးပြူး ပြာပြာ ပြေးသွားပြီး မေးတယ် ။ ထိုင်ချလိုက်တဲ့ လူလည်း ထရပ်ရတယ်လေ ။
“ မစင်စွန့် မလို့ပါ အမတ်ကြီး ” “ တယ် ကျူးကျူး ကျော်ကျော် စော်စော် ကားကား ” “ မင်းတရားကြီး ကိုယ်တော်တိုင်က ပေါ်ဦးအိမ်ရှေ့ မြေတလင်းမှာ အခင်းကြီး သွားချေ ၊ အမိန့်တော် ချမှတ်လိုက်လို့ပါ ခင်ဗျာ၊ သည်းခံတော် မူပါ ”
သူတပါး ကိုသာ ကသိကအောက် လုပ်ခဲ့တဲ့ ဦးပေါ်ဦး အလွန် အခံ ခက်သွားတယ် ။ သို့သော်လည်း မင်းမိန့် ကို သူ မတားဆီးနိုင်။
“ မင်းတရားကြီးရဲ့ အမိန့်တော်က အခင်းကြီး သွားချေလို့ ပါတယ်နော် ၊ ဟုတ်စ ” “ မှန်ပါတယ် ခင်ဗျာ ”
“ အေးအေး မင်းမိန့်ကို ကွယ့်၊ နာခံရ မှာပေါ့ ၊ သို့သော်လဲ ခဏနေဦးကွယ် ၊ ခဏလေး ခဏလေး ”
အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ အဆောင်ကိုင် တယောက် ဓားသွေးနေတာ လှမ်းခေါ်ပြီး ဓားတောင်းလိုက်တယ်။ ချက်ချင်း မင်းလုလင်ရဲ့ ခေါင်းပေါ်မှာ မိုးထား လိုက်တယ် ။
“ ကဲ အမိန့်တော်ထဲမှာ အခင်းကြီး သွားစေ ပါတဲ့ အတွက် အခင်းကြီး သွားပေတော့၊ သို့သော် အခင်းလေးသွားစေ မပါတဲ့ အတွက် ကျင်ငယ် မထွက်ရဘူး ၊ ကျင်ငယ် တစက်ထွက်ရင် ဇက်အပြတ်ပဲ ”
မင်းလုလင် ထရပ်လိုက်ရ တော့တယ်။ အခင်းကြီး သွားတဲ့ အခါ ကျင်ငယ် မထွက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ ။ ဘုရင့်အမိန့် ထဲမှာလည်း ကျင်ကြီးသာ စွန့်ခိုင်းတာ၊ ကျင်ငယ် မပါဘူး၊ ဦးပေါ်ဦး က အဲဒီဟာ အတွက်ကို အမိအရ ဖမ်းကိုင်ပြီး ဓားမိုးထားတာ ပါပဲ ။
“ ဟဲ့ကောင် ကျင်ကြီး စွန့်လေ ” “ ကျွန်တော် ကျင်ငယ် မထွက်အောင် မတတ် မတတ်နိုင်လို့ ” မင်းလုလင်သည် ထစ်ထစ် ငေါ့ငေါ့ ပြန်ဖြြေင်္ပိး အမတ်ကြီးရဲ့ အိမ်ရှေ့ တလင်းပြင်က ထွက်ခွာသွား လေရဲ့။ အဲဒီ မင်းလုလင်ဟာ အမှန်ပဲ အမိန့်တော်ကြီးနဲ့ လာသူဖြစ်တယ်။ ဒါကြောင့် အကျိုးအကြောင်း ပြန်လည်သံတော်ဦး တင်ဖို့ ဘုရင့်ရှေ့တော်ကို ဝင်ရောက် ခစားရတယ် ။
“ ပေါ်ဦး အိမ်ရှေ့ မြေတလင်းမှာ အခင်းကြီး သွားခဲ့ပြီးပြီလား ၊ ပေါ်ဦး ဆိုတဲ့ကောင်က ဘာပြောသတုန်း ဟဲ့ ” “ မှန်လှပါ၊ အမိန့်တော်ထဲမှာ အခင်းကြီးပဲ ပါတယ်၊ အခင်းလေး စွန့်စေ မပါတဲ့ အတွက် ကျင်ငယ်တစက် ထွက်ရင် ဇက်အပြတ်ပဲ ဆိုပြီး ဓားမိုးထားတဲ့ အတွက် မဆောင်ရွက်ခဲ့ရ ပါ ဘုရား ”
သံတော်ဦး တင်အဆုံးမှာ မင်းတရားကြီးအနေနဲ့ လှိုက်လှိုက် လှဲလှဲ ရယ်မောတော် မူသတဲ့ ။
သုတဇုန်

Comments
Post a Comment