မောင်စိန်ရဲ့ ဂလဲ့စား

” ဟ ၊ ဒကာ မောင်စိန် ၊ မလာစဖူး အလာထူး ၊ စောစောစီးစီး ပါလား ဟ ”

” မှန်ပါ့ ဘုရား .. ”

” ဘုန်းဘုန်းကို မေးလျှောက်ချင် တာလေး ရှိလို့ ဘုရား ”

” ဟေ အေး၊ မေးလကွာ ၊ သိတော့လည်း ဖြေရတာပ ”

” ညက မြို့ပေါ်က တရားဟော ဘုန်းကြီး တရားဟော ကြွလာတာ သိတယ် မလား ဘုရား ”

” အေး ၊ သိတယ်လေ ၊ ငါတောင် ကျောင်းကနေ နာ နေတာဟ ”

” တမ ၊ ပြဿနာ အဲက စတာ ဖျ ”

” နို့ ၊ ဆိုစမ်းပါဦး မောင်စိန် ရ ၊ ထူးဆန်း ပါပေ့ ”

” တရားပွဲကို ဗျိတော် မိန်းမက သွားနာတယ် ဘုရား ”

” အေး ၊ အဲ့တော့ ”

” သွားခါနီး ဗျိတော်ကို ခေါ်တယ်ဖျား ”

” အင်း ”

” ဗျိတော်က မလိုက်ချင်တာနဲ့ ၊ အိမ်စောင့်နေရစ်မယ် မင်းတစ်ယောက်တည်း သွား လို့ ပြောလိုက်တာကို သူက ရှင်တို့ ယောင်္ကျားတွေ တဲ့ ဘုရားမေ့! တရားမေ့! သံဃာမေ့ ! အဲ့ဒါကြောင့် ရှင်တို့ ယောင်္ကျားတွေ သေရင် ငရဲပြည် ရောက်ရတာ တဲ့ ဖျား ”

” ဒါနဲ ဗျိတော် က ပြန်မေး လိုက်တယ် ၊ နင်တို့ မိန်းမတွေ ကရော ဆိုတော့ သူတို့ သေရင် နတ်ပြည်မှာ နတ်သမီးတွေ ဖြစ်ကြတယ် တဲ့ ”

” အထောက်အထား ပြကွာ ” ဆိုတော့

” နတ်ပြည်မှာ နတ်သား တယောက်ကို နတ်သမီးက တဘက် ၅၀၀ နှစ်ဘက်ဆို ၁၀၀၀ လေ တဲ့ ၊ အဲဒါ နတ်ပြည်မှာ နတ်သား နည်းလို့ပေါ့ ၊ နတ်ပြည် မရောက်မှတော့ ငရဲပြည် ရောက်တာပေါ့ တဲ့ ဖျား ”

” အေး ထားပါ ၊ မောင်စိန် က ဘာသိချင် တာလဲ ”

” တမ ၊ အားတော့ နာပါရဲ့ဖျား ၊ ဗျိတော် မိန်းမ ပြောသလိုဆို ယောင်္ကျားတွေ ဆိုတော့ ဘုန်းကြီး ကလည်း ယောင်္ကျား ဆိုတော့ သေရင် ”

” အို့ မောင်စိန် ရာ ၊ မင်းမလည်း အ ပ ကွာ ၊ မှတ်ထားဟ ၊ ဒို့ယောင်္ကျားတွေ သေရင် ငရဲပြည် ရောက်ကုန်တာ မဟုတ်ဘူး ကွ ”

” ဒါဆို ဘယ်ရောက်ကုန် တာလဲ ဖျား ”

” ဘယ်ရောက်ရ မှာလဲ ဒကာ မောင်စိန် ရ ၊ ဘုရားဖြစ်ကုန်တာ ကွ ၊ ဂင်္ဂ ါဝါဠု သဲစု မက ပွင့်သွားကြတဲ့ ဘုရားတွေ ဘုရားတွေ ဆိုတာ ဒို့ ယောင်္ကျားတွေဟ ၊ မိန်းမတွေ ဘုရားဖြစ်တာ မင်းကြားဖူးလို့ လား ”

” ဟုတ်သား ဖျား ၊ ဒီလိုဆိုရင် ဗျိတော်မိန်းမ ကို ဂလဲ့စား ချေလို့ ရပီ ”

ထို့နောက် မောင်စိန် အိမ်ကို ပြန်ရောက်တော့

” ဟေ့ မမြင့် ”

” ဘာလဲတော့ ”

” ငါ ဘုန်းကြီး ဆီက မေးလာခဲ့ ပီးပီ ၊ ငါတို့ ယောင်္ကျားတွေ သေရင် မင်းပြောသလို ငရဲပြည် ရောက်ကုန်တာ မဟုတ်ဘူး ကွ ”

” ဒါဆို ၊ ဘယ်ရောက်ကုန် တာလဲ ”

” ဂင်္ဂါမြစ်ထဲမှာ သဲတွေဖြစ်ကုန်တာ တဲ့ ”

” တိန် ”

😁😁😁
အရှင် ခန္တီဝရ သို့ သတိရလျှက်
ရန်နိုင်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား