မရိုက်ကဘူးနော်
” ကိုဘူးသီး ရှင့်ကို ကျမ ပြောစရာ ရှိတယ် ”
” ပြောလေ မိန်းမရဲ့ ”
” ဒါပေမယ့် မရိုက်ရ ဘူးနော် ၊ ကတိပေး ”
” အော် ၊ ချစ်လို့ ယူထားတာ ပဲ ရိုက်စရာလား ကိုယ့်မိန်းမကို ”
” အဲဒါဆို ပြီးရော ”
နား နားလေး ကို တိုးတိုးလေး ကပ်ပြောတယ်
” ရူး ရှူး ပိကျိ ပိကျိ ”
” အာ ၊ မိန်းမ ကလဲ မကြားရဘူး ကျယ်ကျယ်ပြော ”
” ဒီနားတိုး ၊ ပိကျိ ပိကျိ ရူး ရှူး ”
” အာ ၊ မကြားရ ပါဘူးဆို ”
” ဒီနား တိုးလိုက် ၊ ပြောမယ် သေချာ နားထောင် ၊ ဒီလိုတော်ရေ ကျမမှာ ကိုယ်ဝန် သုံးလ ရှိနေပြီ တဲ့ အဲဒါ ဆရာဝန်က ပြောတာ ”
” ဟာ ၊ တကယ်လား ”
” တကယ်ပေါ့ ”
” ဟား ဟား ငါ လူဖြစ်ပြီကွ လူဖြစ်ပြီ အဟေး ဟာ ၊ အရီးမြ ကျနော် လူဖြစ်ပြီဗျ ၊ ဟိုင်းယား ”
အိမ်ရှေ့လမ်းက ဖြတ်သွားတဲ့ အရီးမြ ကို အသားလွှတ် လှမ်းပြီး ကြွားလိုက်သေး ၊ အရီးမြကလဲ
” အေး အေး ငါတူရီးတောင် ကလေးအဖေ ဖြစ်တော့မယ် ဝမ်းသာတယ် ” con con လုပ်သွားသေး ၊သိတယ် မလား ၊ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အနိုင်ဂိုး သွင်းယူ လိုက်တဲ့ ကစားသမား တဦး အောင်ပွဲ ခံလိုက် သလိုမျိုး
” ဒါနဲ့ နေပါအူး မိန်းမရဲ့ ၊ ဒီလောက် ဝမ်းသာစရာ ကောင်းတဲ့ သတင်းမျိုးကို မိန်းမက ဘာလို့ ရိုက်မှာ ကြောက်နေရ တာလဲ ?? ”
” အော် ဒါလား ၊ မိန်းမ တက္ကသိုလ် ကျောင်းသူ ဘဝ ဒုတိယနှစ် တုန်းက အဲဒါ အဖေ့ကို ပြောပြ လိုက်တာ သေးထွက်အောင် ရိုက်လို့ ”
ဘာ !! မသာ ဂျင်းမ !!
အန့်အောလို့မဆုံးဘူး
ဘူးသီး
Linn Tun Zaw

Comments
Post a Comment