ပစ္စည်းအစုံ ပါတာပဲ

လင်မယား နှစ်ယောက် အနက် ယောက်ကျား ဖြစ်သူက ငါးဖမ်း ဝါသနာ ပါတယ် ။ ဇနီးဖြစ်သူ ကတော့ စာဖတ် ဝါသနာ ပါတယ် ။

တနေ့တော့ လင်ဖြစ်သူ ငါးဖမ်းပြီး ပြန်အလာ ၊ ဇနီးဖြစ် သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုး တလျှောက် လှော်ထွက် လာ ခဲ့တယ် ။

မြစ်ရိုး တလျှောက် လှေလှော်လိုက် ၊ လေညှင်း ခံလိုက်၊ စာဖတ် လိုက် လုပ်နေတုန်း မော်တော်ဘုတ် တစင်းနဲ့ ရဲသား တယောက် ရောက် လာတယ်။

လှေချင်း ယှဉ်လိုက် မိတော့ ရဲသားက လှေဝမ်း ထဲက ငါးမျှား ကိရိယာတွေကိ ကြည့်ပြီး

” ဟေ့ ၊ ဒီနေရာမှာ ငါး မမျှားရဘူး ဆိုတာ မသိဘူးလား ၊ ဒါ ကန့်သတ် နယ်မြေကွ ”

ထိုအခါ အမျိုးသမီးက

” ကျွန်မ ငါးမမျှား ပါဘူး ၊ ဒီမှာ စာအုပ် ဖတ်နေ တာပဲ ”

” ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ ၊ အဲဒီ အတွက်တော့ မင်း ဒဏ်ငွေ ဆောင်ရ လိမ့်မယ် ”

” ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှု နဲ့ တရား စွဲရ လိမ့်မယ် ”

” ဟေ့ မင်းကို ငါ လက်ဖျား နဲ့တောင် မတို့ရ သေးဘူးနော် ”

” အိုး ၊ ရှင့်မှာလည်း ပစ္စည်း ကိရိယာ အစုံ အလင် ပါတာ ပဲ မဟုတ်လား ”

” တိန် ”

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား