ဒိုးလိုက်တော့ ညေး

အလုပ် အင်တာဗျူး တခုတွင်

” ဒေါက် ဒေါက် ဒေါက် ” ( လှေကား ခေါက်သံ )

” ဝင်ခဲ့ ညေး ”

” ဟုတ်ကဲ့ ကွီး ”

” မေးခွန်း မေးမယ် ဖြေဖို့ အဆင်သင့် ဖစ်ပြီလား ညေး ”

” မေးပါ ကွီး ”

” လေယဉ်ပေါ်မှာ အုတ်ခဲ ၅၀၀ ရှိတယ် ၁ လုံး ကျသွားရင် ဘယ်နှလုံး ကျန်မလဲ ”

” လွယ်လွယ်လေး ၄၉၉ ခု ”

” နောက်မေးခွန်း တခု ဆင်ကို ရေခဲသေတ္တာ ထဲ ထည့်ဖို့ လိုအပ်တဲ့ အချက် ၃ ချက် ကို ပြောပြ ”
” ၁ ရေခဲသေတ္တာကို ဖွင့် ၊ ၂ ဆင်ကို ထည့် ၊ ၃ ရေခဲသေတ္တာကို ပိတ် ”

” ဒါဆို မြင်းကို ရေခဲ သေတ္တာထဲ ထည့်ဖို့ အချက် ၄ ချက် .. ”

” ၁ ရေခဲ သေတ္တာကို ဖွင့် ၊ ၂ ဆင် ကို ထုတ် ၊ ၃ မြင်း ကို ထည့် ၊ ၄ ရေခဲသေတ္တာ ပိတ် ”

” အင်း မဆိုးဘူး နောက်မေးခွန်းက ခြင်္သေ့ဟာ သူ့မွေးနေ့ ပါတီပွဲ ကျင်းပတယ် တိရစ္ဆာန် အားလုံးကို ဖိတ်တယ် ဘယ်သူ မပါဘူးလဲ ”

” မြင်းလေ ၊ ဘာလိုလဲ ဆိုတော့ သူက ရေခဲသေတ္တာထဲမှာ ”

” ကောင်းလိုက်တဲ့ အဖြေ ၊ ကဲ .. အခု မေးမှာက မိန်းမကြီး တယောက် မိကျောင်းတွေနဲ့ ပြည့်နေတဲ့ ရေကန် တကန်ကို ဘယ်လို ဖြတ်ကျော်မလဲ ? ”

” ရေကူးသွားရုံ ပဲလေ မိကျောင်းတွေ အားလုံးက ခြင်္သေ့ မွေးနေ့ပွဲ မှာ ”

” မင်း တော်သားဘဲ ၊ အဆုံးသတ် မေးခွန်း မေးမယ် ၊ နောက်ဆုံးမှာ အဲ့ မိန်းမကြီး  သေသွားတယ် ဘာဖြစ်လို့လဲ ? ”

” အမ် ရေနစ် သေတာ မဟုတ်လား ဟင် ? ”
” မှားတယ် အဖြေက လေယဉ်ပျံ ပေါ်က ကျလာတဲ့ အုတ်ခဲက မိန်းမကြီး ခေါင်းကို မှန်သွားလို့ ”

” ဗျာ ”

” မင်း အင်တာပျူး ကျပြီ ဒိုးလိုက်တော့ ညေး ”

” တောက် ဒီ တကွက် မတွေးလိုက် မိဘူး ဗျာ ”

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား