ဗယ်လင်တိုင်း လက်ဆောင်

အပြင်သွားရန် ပြင်ဆင်နေသော ခင်ပွန်းဖြစ်သူ ကိုဇော်ဆွိကို မခင်တုတ်က ပြောလိုက်သည်။

"ကိုဇော်.. ညက အိပ်မက်မက်တယ်... ဗယ်လင်တိုင်းဒေးမှာ.. ရှင်က ကျမအတွက် ပုလဲဆွဲကြိုးနဲ့ စိန်လက်စွပ် ဝယ်ပေးတယ်တဲ့... တစ်ကယ်ဖြစ်လာရင် သိပ်ကောင်းမှာ "

ကိုဇော်ဆွိက တချက် ပြုံးကြည့်ရင်း ပြောလိုက်သည်။ " ဖြစ်လာမှာပေါ့ကွာ..." ဗယ်လင်တိုင်းဒေး ညနေစောင်း နေဝင်ရီတရော။ ကိုဇော်ဆွိ အပြင်မှ အိမ်သို့ပြန်ရောက်လာသည်။ သူ့လက်ထဲမှ ပန်းရောင် ပါကင်လှလှ ထုပ်ထားသည့် လေးထောင့်ဗူးကလေးကို ဇနီးဖြစ်သူဆီ လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။

" အိပ်မက်အတွက်...ကိုယ့်လက်ဆောင် " မခင်တုတ် သည် ဗူးကလေးကို ဆ ကြည့်ရင်း ချိုသာမြတ်နိုးစွာဖြင့်..." ရှင့်ကို ကျမ သိပ်ချစ်တယ် " " အေးပါကွာ "

မခင်တုတ် သည် တုန်ရင်နေသော လက်နှစ်ဖက်ဖြင့် ဗူးကလေးကို အသာ ဖွင့်လိုက်ရာ အတွင်း၌ စတုဂံပုံစံ ပစ္စည်းတစ်ခုကို တွေ့လိုက်ရပြီး မျက်လုံးပြူးသွားသည်။ စာအုပ်တစ်အုပ်။ ဖတ်ကြည့်တော့။ ( အိပ်မက် အရ ကောက်နည်းကျမ်း ) တဲ့။ ထို့နောက် မခင်တုတ် နှုတ်ဖျားမှ ဆဲဆိုသံများ ထွက်ပေါ်လာတော့၏။

" ABC xxxx XYZ xxxx "

credit : KZO
ပြုပြင်ရေးသားထားပါသည်..

#Lucky Charm Mdy

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား