မိန်းမလာတောင်းတာ

” အိမ်ရှင်တို့ အိမ်ရှင်တို့ ”

” ဘယ်သူလဲဝေ့ ”

” အိမ်ရှေ့မှာ ဘယ်သူလဲ သိချင် ထွက်ကြည့် လိုက်လေ ”

ကိုဒွေက ခပ်မာမာပဲ

” ဘယ်သူများလဲ လို့ ဒင်းကိုး ”

” အန်တီ့ သမီး ရှိလား ”

” ငါ့ သမီး ရှိရှိ မရှိရှိ ၊ နင့်အလုပ်လား ၊ နင့်ကို ငါ့သမီးနဲ့ သဘော မတူဘူး ပြောထား ပြီးသားလေ ၊ ငါ့အိမ် နင် ဘာလာလုပ် တာလဲ ”

” ဘာ လာလုပ်ရ မှာလဲ ၊ အန်တီ့ သမီးကို လာတောင်းတာ ပေါ့ ”

” အောင်မာ နင့်လို ကောင်က ငါ့သမီးကို လာတောင်းရ တယ်လို့ ရာရာ စစ မတန်မရာ ”

အဘွားကြီးက မြန်မာကား ထဲက ဒိုင်ယာလော့ခ်တွေ ထုတ်သုံး တာပေါ့ ။ ကိုယ်ကလဲ ဘယ်ရ မလဲ ဝင်ဦး အသံနဲ့

” ဒီမှာ အန်တီ ၊ အန်တီ့ သမီးကို ကျနော်က အလကား လာတောင်းတယ် ထင်နေလား ၊ ငွေနဲ့ တင်တောင်းမှာ ဂျ ”

ငွေဆိုလဲ ကြားရော အဘွားကြီး မျက်နှာက ခွေး သေးပန်းလိုက် သလိုပဲ ချက်ချင်း စိုပြေ သွားတာ ၊ မြန်မာကားတွေ ထဲက ငွေမက်တဲ့ သမီးရှင်တွေ အမေတွေရဲ့ မျက်နှာသာ မြင်ကြည့်လိုက် ပါတော့

” ဘယ်မှာလဲ ငါ့သမီးကို တင်တောင်းမဲ့ ပိုက်ဆံ ပြစမ်း ”

” ဒီမှာပါ အန်တီ ”

” ဟာ ဟဲ့အကောင် ၊ နင်ငါ့ကို ဘာတွေ ပြနေ တာလဲ ”

” ဘာပြရ မှာလဲ ၊ ဒါကို ဖြတ်ပြီး တရုတ်ပြည် သွားရောင်းရင် 34 သိန်း တောင် ရမှာဗျ သိရဲ့လား ”

သူ့ သမီး ရ မရတော့ မသိဘူး ၊ သူ့လို အိုကြီး အိုမကို မတော်တာ တွေ ပြပြီး မြူဆွယ် ပါတယ် ဆိုပြီး ရဲစခန်း သွားတိုင်လို့ ခုဝ ရမ်းပြေး ဖြစ်နေပြီ

တိန်

မင်းထက်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား