ချစ်ဖို့ကောင်းတဲ့ ကျော်ယီး
သူ့မေတ္တာ
ဒီနေ့ သူငယ်ချင်း ကျော်ကြီးက သူ့ယောက္ခမကို ဘုရား လိုက်ပို့ပေးဖို့ အကူအညီ တောင်းလို့ လိုက်ပို့ဖြစ်တယ်။ သူ့ယောက္ခမကြီးက မွန်မွန် ရည်ရည်နဲ့ အေးအေး ဆေးဆေး နေတတ်တဲ့ ပုံပါ။
ဘုရားကို ရောက်တော့ သူ့ကိုေ အးအေး ဆေးဆေး အာရုံပြုပါစေ ဆိုပီး ဘုရား ရှိခိုးသံကို တိတ်တိတ်လေး နားထောင်ရင်း စောင့်နေ တာပေါ့။ သူက ဘုရား ရှိခိုးပီးလို့ အမျှလဲ ဝေရော ကျွန်တော် မျက်လုံး ပြူးသွားတယ်။
ပြူးဆိုဗျာ သူအမျှ ဝေပုံကို နားထောင် ကြည့်လိုက်ဦး
” သဗ္ဗေသတ္တာ ငကျော်မပါ ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြ ပါစေ ” တဲ့
နောက်ထပ် ဆိုသေးတယ်
” တို့အိမ်တွင်းမှာ ငကျော် မပါ ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ
တို့မြို့တွင်းမှာ ငကျော်မပါ ၊ ချမ်းသာ ကိုယ်စိတ် မြဲပါစေ ” တဲ့
မေတ္တာ ပို့တာက ထူးဆန်း နေတော့ ကျုပ်လဲ သိချင်တာကို မအောင့့်နိုင် တာနဲ့ သူအမျှ ဝေပီးတော့ မေးကြည့်တာပေါ့ ။
” အန်တီ အမျှဝေတာက သူများနဲ့ မတူဘူးနော် ၊ အမျှဝေရင် ငကျော် မပါ ငကျော် မပါနဲ့ ၊ သူက ဘာဖြစ်လို့ လဲဗျ ”
” မပါဆို နင်တို့ သူငယ်ချင်းက အမျှ ပေးချင်စရာ ကောင်းတဲ့ ကောင်မှ မဟုတ်တာ ”
” ကျော်ကြီးက သဘော ကောင်းပါတယ် အန်တီရယ် ”
” နင်တို့အပေါ် ကောင်းလား မကောင်းလား တော့ မသိဘူး ၊ ငါ့သမီးနဲ့ သူနဲ့ အိမ်ထောင် ကြခါစက သူတို့အိမ်ကို သွားတော့ ငါ့ကို ခွေးလိုက် ဆွဲတာ ၊ အဲ့ဒါ ခွေးကို မောင်းမထုတ်ပဲ ဒီအတိုင်း ထိုင်ကြည့်နေ တာလေ အဲ့ဒီကောင်က ”
“သူလဲ ခွေးကြောက်တတ်လို့ နေမှာပါဗျာ”
” ဟိုတခါကလဲ အမေတဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူး သွားချင်ရင် သူ့ကိုပြောပါ ဆိုလို့ သွားမယ် လို့ ပြောလိုက်တ ၊ အသွားလက်မှတ်ပဲ ဝယ်ပေး လိုက်တယ်လေ ၊ ငါ့မှာဆွဲကြိုးလေး ပါသွားလို့သာ အိမ်ပြန်ရောက် ရတော့တယ်”
” သူလဲ မသွားဖူးတော့ လက်မှတ် ဝယ်တာ မှားသွားတာ နေမှာပါ အန်တီရယ် ”
” ဒါတင် ဘယ်က မလဲ ၊ ငါ့မွေးနေ့ကို ဘိုးဘွားရိပ်သာမှာ လုပ်ပေး တယ်လေ ၊ ပွဲပီးတော့ ငါ့ကို ပစ်ထားခဲ့လို့ ရိပ်သာကို မနည်း တောင်းပန်ပီး ပြန်ခဲ့ရတာ ”
” သူက အန်တီ့ကို ကုသိုလ် ရစေချင်လို့ ဖြစ်မှာပါ ”
“မနှစ် ကလဲ သြင်္ကန်အပီး နှစ်ဆန်း တရက်နေ့ တုန်းက ကုသိုလ် ယူချင်လို့ ဆိုပီး ခေါင်းလျှော် ပေးတာလေ ၊ တော်ပါပီ လို့ ငြင်းတာကို မရဘူး ၊ ငါ့ကို အပူ ကင်းအောင် ဆိုပီး ရေခဲရေနဲ့ လျှော်ပေးတာ ၊ လေဖြန်းသွားလို့ ဆေးရုံကို တလလောက် တက်လိုက် ရတယ် ”
“ စေတနာ အမှားတွေ နေမှာပါဗျာ ”
” အေးပါ ထားပါတော့ ၊ ပြီးခဲ့တဲ့ အရင်လတုန်း ကလဲ အမေက ပိန်လိုက်တာ အားရှိအောင် နွားနို့သောက်ဆိုပီး ငါ့ကို လာတိုက်တယ်လေ”
“ကဲ ကျွန်တော်မပြောဖူးလား ဒေါ်လေးကို သူက ဂရုစိုက် ပါတယ်ဆို ”
” ပြီးအောင် နားထောင်စမ်းပါဦး ၊ နွားနို့ သောက်ပီး ခဏနေတော့ နေက အရမ်းပူတယ် သံပုရာရေ သောက်လိုက်ဦး ဆိုပီး ထပ်တိုက် တာလေ ၊ ငါ့မှာ ကံကောင်းလို့ ဆေးရုံကို အရောက်မြန်လို့ မသေတာ ”
“ ဟင် ”
“ဆရာဝန်က ဆေးကို မှန်မှန်သောက် အိမ်ပြန်ပီး နေချင်ရင်လဲ ရတယ် ဆိုလို့ ဆေးရုံ မတက်ပဲ ညတွင်းချင်း အိမ်ပြန်လာတာ ၊ နင့်လူက အိမ်မှာ ကန္နားဖျင်းထိုးပီး ဖဲဝိုင်းထောင်နေ ရောလေ ”
” မင်းပဲ စဉ်းစား ကြည့်လေ ၊ ဒီလိုကောင်မျိုးကို ကျန်းမာပါစေ ချမ်းသာပါစေ ဆိုပီး မေတ္တာပို့ ဆုတောင်းပေးနေရဦး မှာလား ”
” Oာိန် ”
ကိုကျော်

Comments
Post a Comment