ရာသီပေါ် ရည်းစားစာ...

မချစ်စုရေ မင်းနဲ့ကိုယ် စဆုံဖြစ်တုန်းက မင်းဟာ သရက်သီးသနပ်လို အရှက်ကြီးရှက်နေတာကို မှတ်မိသေးလား...

တကယ်တော့ ကိုယ်ဟာ အဲ့ဒီအချိန်ကတည်းက မင်းအပေါ်မှာသရက်ချဉ်သုပ်လို အမှတ်မထင် အဟုတ်ကို စွဲလမ်းနေခဲ့သူပါကွာ...

အဲ့ဒီအတွက် ကိုယ့်ဟာ သရက်စိလို မရှက်မရှိသလို ဖြစ်နေတယ်ဆိုတာကိုလည်း ဝန်ခံပါတယ်...

အခုလည်း ဒီစာကိုရေးလို့ မင်း ကိုယ့်ကို မြကျောက်လို ထဟောက်မယ်ဆိုလည်း ကိုယ်ခံရုံပေါ့...

ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်မှာ သရက်ပြားလို ဆယ်သက်စားမကုန်တဲ့ စည်းစိမ်တွေလည်း မရှိပါဘူး...

ဒီလိုပြောတော့ ကိုယ်ဟာ ဆိုင်သီးလို ထိုင်ညည်းနေတယ်လို့တော့ တံဆိပ်မကပ်စေချင်ဘူးနော်...

ဒါပေမဲ့ မင်းယုံထားဖို့က ကိုယ်ဟာ မင်းအပေါ်မှာ ရင်ကွဲလို ဖင်ခွဲပြီး ရေစိမ်ထားမယ့်ကောင်တော့
မဟုတ်ဘူးဆိုတာကိုပါ...

သေချာတာက ကိုယ့်ရဲ့သစ္စာတရားဟာ သရက်ကင်းလို မပျက်ယွင်းသလို ရှိနေတယ် ဆိုတာကိုတော့
မြဲမြဲကြီး ယုံထားပေးပါကွာ...

ဘာပဲဖြစ်ဖြစ် မင်း ကိုယ့်ကို စိန်တလုံးလို အချိန်ဖြုန်းသလိုတော့ လုပ်မနေစေချင်ဘူး...

နောက်ပြီး ကိုယ်ဟာ အမြဲတမ်း မင်းကိုလေ သရက်သီးဖျော်ရည်လို တကယ်ကြီးပျော်နေတာကိုပဲ
မြင်ချင်နေတဲ့ကောင်ပါကွာ...

ဒီတော့လေ မင်းအနေနဲ့ ကိုယ့်အချစ်ကို တို့ပဲစားစား အမှည့်ပဲထားထားမင်းစိတ်ကြိုက်သာလုပ်ပါ...

ကိုယ်ကတော့ သုံးလုံးတစ်တောင်လို တစ်မိုးလုံးကြားအောင်ဆိုသလိုပဲ ဒီနေရာကနေ ဟစ်လိုက်တော့မယ် မင်းကို စောက်ရမ်းချစ်တယ်လို့...

Wai Phyo Maung

#Credit

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား