လူဝင်မှာစိုးလို့
တံခါးများ
ညဘက် ညဘက် တော်တော်နဲ့ မအိပ်ဖြစ်ဘူး။
Design တွက်စရာ ရှိတွက် ၊ စာရေးချင်ရေး ၊ စာဖတ်ချင် ဖတ် ၊ဖုန်းပွတ်ချင် ပွတ်နဲ့ ညနက်မှ အိပ်ဖြစ်တာ များတယ်။
အင်တာနက်လိုင်း လည်း ဖွင့်ထားတာ ဆိုတော့ messenger မှာ မီးအမြဲ စိမ်းနေ တာပေါ့။
ဒါကို ကိုယ့်လိုပဲ မအိပ်သေးတဲ့ ကလေးမ တယောက်က chatbox ကနေ လာမေးတယ်။
“ဦး ၊ အိပ်သေးဘူးလား”
“အေး”
“ဘာလဲ မိန်းမနဲ့ ဖက်အိပ်ပြီး နှပ်နေတာ မလား”
“ဟမ်”
လူကမှ ဒီကိစ္စ အစာ မကြေတာ ကြာနေပါပြီ ဆိုမှ ကလေးမက လာဆွနေတယ်။
ဒါနဲ့ အိပ်ပျော်နေတဲ့ မိန်းမပုံကို ဓာတ်ပုံ ရိုက် ပို့လိုက်ရင်း ပြောလိုက်တယ်။
“အထင်မကြီး ပါနဲ့အေ ၊ ငါ့ မမမိုးက အိပ်ရာထဲ ဝင်လာ ကတည်းက ထမိန်ကြီး ခါးတောင်း ကျိုက်ပြီး ဟိုဖက်လှည့် အိပ်နေတာ ”
“ရွှမ်”
ကလေးမ ခနတော့ ငြိမ်သွားတယ်။ တော်တော်လေး ကြာတော့ လာမေးပြန်ရော
” ဦး ဟိုဖက်လှည့် အိပ်တာ ကတော့ ထားပါတော့ ၊ ထမိန်ကြီးက ဘာလို့ ခါးတောင်း ကျိုက်ရ တာလဲ ဟင်”
ခက်ပြီ ဒီကလေးမတော့ ။ သူများ လင်ခန်း မယားခန်းကို လာ စိတ်ဝင်စား နေတယ်။
မသိတော့လည်း ရှင်းပြရ သေးတာပေါ့
“သမီး အခန်းထဲမှာ တယောက်ထဲ နေတာလား”
“ဟုတ်ကဲ့”
“ညအိပ်ရင် အခန်း တံခါးကို ဖွင့်ထားလား ပိတ်ထားလား”
“ပိတ်ထားတာပေါ့ ဦးရဲ့”
“ဘာလို့ ပိတ်ထား တာလဲ”
“အော် ဦးရယ်၊ အိပ်နေတုန်း လူဝင်မှာ စိုးလို့ပေါ့”
“အေး ၊ ခုလည်း အဲ့လိုပဲလေ”
“ဟင့်”
သန်၄ကို – ပေါက်ကရ၄၀
မှတ်ချက် ။ ။ ကိုယ်တွေ့မဟုတ်ပါ

Comments
Post a Comment