အကြံကောင်း

မိန်းမရေ အရေးကြီးတဲ့ ကိစ္စလေး ပြောချင်တယ်… လာဦး လာဦး ”

စောစောစီးစီး အိမ်ပေါက်ဝ ကတည်းက ရေးကြီးသုတ်ပြာဖြင့် အော်ခေါ်လိုက်သော ကိုစိုးဝင်း အသံကြောင့် မဒမ်စိုးဝင်းလည်း ပြေးထွက် လာခဲ့သည်…။

” ဒီလိုကွ… ငါအခု အရေးပေါ်ကိစ္စ တစ်ခုကြောင့် ပိုက်ဆံ အရမ်း လိုနေတယ်ကွ… ဒီတော့ မင်းရဲ့ မိတ်ဆွေ၊ အမျိုးတွေဆီ ကနေ ဖုန်းဆက်ပြီး ပိုက်ဆံ ရသလောက် ချေးပေးစမ်း ပါနော်…. အရမ်း အရေးကြီးနေ လို့ပါ … ငါလည်း ငါ့မိတ်ဆွေတွေ ဆီ ပတ်ချေး လိုက်ဦးမယ် … ”

ဘာမှန်း မသိပေမယ့် အရေးကြီးတယ် ဆိုတော့ ဖုန်းဆက်ပြီး ငွေချေးရတော့ တာပေါ့ …. ။ ညနေစောင်းတော့ ” ဘယ်လိုလဲ အခြေအနေ ကောင်းလား ဘယ်လောက်ချေးလို့ ရလဲ မိန်းမ ”
” ဟင်း… မပြောချင်ပါဘူး ခါတိုင်းတော့ ခင်လှချည်ရက်နဲ့ အခု ငွေလိုလို့ ခဏ လှည့်ပါ ပြောတော့ ဟိုဟာ အကြောင်းပြ ဒီဟာ အကြောင်းပြနဲ့… တချို့ဆို ဖုန်းပြန်ဆက်မယ် ပြောပြီး ဖုန်းဆက်တော့ ကိုင်တောင် မကိုင်တော့ဘူး … အရေးအကြောင်းဆို စိတ်ဓါတ်လေးတွေက ပြောမပြော ချင်ဘူး ”

” အိမ်း…. ဒါပဲလေ…. ငါ့လည်း ဘယ်သူ့ဆီမှ ချေးမရပါဘူးကွာ…. ထားလိုက်ပါ ကောင်းပါတယ်လေ… ”

” ဘာကောင်းတာလဲ ရှင်ပဲ သေရေးရှင်ရေး ငွေလိုနေတယ်ဆို ”

” အေး… နောက်ထပ် အရေးကြီးတဲ့ ကိစ္စလေးပြောဦးမယ် … ငါဒီနေ့ ထီပေါက်တယ်ကွ… သိန်း တစ်သောင်းခွဲ ” ” မှန်း… ရှင် နေမကောင်းဘူးလား နဖူးလဲ မပူပါဘူး ”

” တကယ် ပြောတာ ဒီမှာကြည့် ထီလက်မှတ်နဲ့ ပေါက်စဉ် ” ” ဟယ် ” ဆိုပြီး ဝမ်းသာအားရနဲ့ စိုးဝင်း ကျောကုန်းကြီးကို တဗုန်းဗုန်းနဲ့ ထုပါလေတော့တယ်….။

“ အဲဒါများ ပိုက်ဆံ လိုက်ချေးခိုင်း နေသေးတယ် ကဲ ဟယ် ကဲ ဟယ်”

” ခုတော့ ငါတို့ လက်စားချေလို့ ရပြီလေ… ထီပေါက်တဲ့ သတင်းကြားပြီး ပိုက်ဆံ လာချေးရဲရင် ချေးကြည့်ပေါ့……. ဟွန်း ဟွန်း ”  ” အကြံပိုင်ပါ့ ယောက်ျားရယ်… ”

O’Chu

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား