သတ်မယ်


” သတ်မယ် ငါ သတ်မယ် ဒီဆရာဝန်ကို ဟင်း ”

” စိတ်လျှော့ပါ ကိုအေးမင်းရယ် ပြီးတာတွေလည်း ပြီးပြီပဲ စိတ်လျှော့ပါ ”

” မလျှော့ဘူးကွာ မပြီးဘူးကွာ ဒီဆရာဝန်ကို ငါသတ်ရမှ ကျေနပ်နိုင်မယ် ”

” မလုပ်ပါနဲ့ရှင် ကျမ သူ့ကိုယ်စား တောင်းပန် ပါတယ် ”

ကိုအေးမင်း အကြီးအကျယ် ဒေါသ ထွက်နေတယ် ။ လက်ထဲမှာ ဒါးကြီးနဲ့ ။ သူကရုန်း သူ့မိန်းမက ဆွဲနဲ့ ဘေးအိမ်က လူတွေ ကလည်း ဝိုင်းအုံကြည့်လို့ ။

အင်း … ပြသနာအစ က ဒီလို

အစာအိမ်က ခဏခဏ နာနေတော့ ကိုအေးမင်း တယောက် ဆရာဝန် သွားပြတယ် ။ ဆရာဝန်က သေချာ စမ်းသပ် စစ်ဆေးပြီး ဆေးတောင့် ၂ တောင့် ပေးတယ် ။

” ဒီဆေးတောင့်တွေက သောက်ရမှာ မဟုတ်ဘူး ၊ Suppository လို့ ခေါ်တယ် ၊ စအိုထဲကို ထည့်ရတာ ”

” ဗျာ ဆရာ၊ ဘယ်လို ထည့်ရတာတုန်း ၊ တခါမှ မသုံးဘူးတော့ ”

” ကဲလာ ကျနော် ပြရင်းနဲ့ ပထမ တတောင့်တော့ တခါထဲ ထည့်ပေး လိုက်မယ် ” ဆိုပြီး ကိုအေးမင်းကို ကုတင်ပေါ်မှာ ဖင်ကုန်း ခိုင်းတယ် ၊ ပြီးတော့ စအိုကို ဖြဲပြီး ဆေးတောင့် ထည့်တယ် ။

ဆေးတောင့်ကို ထည့်ရင်းနဲ့ ဆရာဝန်က ရှင်းပြတယ်

” ဆေးတောင့်ကို မထည့်ခင်မှာ လက်အိတ်စွတ် ၊ ပြီးတော့ ဖင်ကို ဖြဲပြီး ဆေးတောင့်ကို ထည့် ၊ အထဲထိ နှစ်နှစ် ဝင်ရမယ်နော် ၊ မဟုတ်ရင် ပြန်ထွက်လာ တတ်တယ် ”

” ဟုတ် ဟုတ် အိ ဝုတ်ဂဲ့ ချရာ ”

ဆေးတောင့်က တော်တော်နဲ့ ဝင်ပုံ မရဘူး :p :p  ပြန်ထွက် သွားလိုက် ပြန်ထည့် လိုက်နဲ့ :p :p
တော်တော်လေး ကြာတော့မှ ဆရာဝန်က ပြောတယ်

” ကဲ ရပြီ၊ နောက် ၈ နာရီ ကြာရင် ပေးလိုက်တဲ့ နောက် ဆေးတတောင့် ထည့်နော် ”

” ဟုတ်ကဲ့ ” ဆိုပြီး ကိုအေးမင်းလည်း အိမ်ပြန်လာ ခဲ့တယ် ။

အိမ်ပြန်ရောက်ပြီး ၈ နာရီကြာတော့ ကျန်တဲ့ ဆေးတတောင့် ထည့်တာပေ့ါ ။ ကိုအေးမင်းက ကိုယ်တိုင် ထည့်နေတော့ အဆင်မပြေဘူး ။ ဒါနဲ့ မိန်းမကို ခေါ်ပြီး အကူအညီ တောင်းရတယ် ။

” မြနှစ် လာပါအုံးကွ ာ၊ ဒီဆေးတောင့်လေး ငါ့ ဖင်ထဲ ထည့်ပေးစမ်းပါ ”

” ဟုတ်ကဲ့ ခိုခို ”

ဒါနဲ့ … ကိုအေးမင်းက ကုတင်ပေါ် ဖင်ကုန်းပေး လိုက်တယ် ။ ” အထဲထိ နက်နက် ဝင်အောင် ထည့်နော် မိန်းမ ၊ ပြန်ထွက်လာမယ် ”

” ဟုတ်ကဲ့ ”

ကိုအေးမင်း ပြောသလို အထဲထိ ခပ်နက်နက် ဝင်အောင် ဆိုတော့ မြနှစ်လည်း ကိုအေးမင်းရဲ့ ခါးကို လက်တစ်ဖက်နဲ့ ဆွဲထိန်း ထားပြီး ကျန်လက်တဖက်နဲ့ ဆေးတောင့်ကို စအိုထဲ ထိုးထည့် လိုက်တယ် ၊ ပြန်ထွက် မလာတောင် လက်ညိုးလေးနဲ့ နောက်ကနေ တွန်းပေးလိုက်တာပေ့ါ

အဲဒီမှာ ကိုအေးမင်းက အလန့်တကြား ထ အော်တယ်

” အား သွားဘာဘီ ”

” ဟင် ရှင် တော်တော် နာသွားသလား ”

” မနာဘူး မနာဘူး ”

” ဒါဆို ဘာလို့ အော်တာလဲ ”

” ခုမှ စဉ်းစား မိလို့ ”

” ဘာကို စဉ်းစားမိတာလဲ ရှင် ”

” ဟို ဟို ဆရာဝန် ၊ င့ါကို ဆေးထည့်ပေး တုန်းက သူ့လက် နှစ်ဘက်စလုံး င့ါခါးကို ကိုင်ထားတာ သူ့လက်နှစ်ဘက် စလုံး င့ါ ခါးကို ကိုင်ထားတာ ဒါ ဒါ … သတ်မယ် ဒီဆရာဝန်ကို ငါ သတ်မယ် ”

” ရွှမ် ကျဥ ကျဥ ”

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား