အားနာလို့ပါ မိန်းမရယ်

” ရှင် အရက်တွေ မူးလားပြန် ပြီလား ၊ တနေ့ တနေ့ ဒီ ခွေးမသောက်တဲ့ အရည်တွေ သောက်နေ ”

” ကောင်းမှန်း မသိသေး လို့ပါ မိန်းမရာ ၊ မယုံ တိုက်ကြည့် ပါလား ၊ အဲ့ ခွေးပါ အရက် စွဲသွား စေရမယ် ”

” တော်စမ်း ရှင့်ကို ရွဲ့နေတာ ၊ ရှင် ဒီအရက်ကို ဖြတ်မလား ၊ ကျွန်မကို ဖြတ်မလား ဒါပဲပြော ”

” မင်းကိုတော့ မဖြတ်နိုင်ဘူး ၊ ငါ့ဟာငါ ပဲ ဖြတ်လိုက် တော့မယ် ”

” ဘာတွေပြောနေတာလဲ ရှင် ”

” အရက်ကို ပြောတာလေ မိန်းမရာ ”

” ဟွန်း ရှင့်အကြောင်း ကျမ မသိဘူးများ မှတ်နေလား ၊ ရှင် အဲ့အရက်ကို ဖြတ်မယ်ဆို မနက်ဖြန်က စပြီး အရက်ကို ဘုရားကို လှူလိုက် ဒါပဲ ”

” အာ ဒိမိန်းမတော့ ငရဲတွေတော့ ကြီးကုန်တော့ မှာပဲ ၊ ဘုရားကို အရက် လှူစရာလား ၊ ဘုရားမှ အရက် မသောက်တာကို ”

” ဟယ် မိုးကြိုး တွေတော့ ပစ်တော့ မှာပဲ ၊ မူးမူး ရူးရူးနဲ့ ဘာတွေ ပြောနေတာလဲ ၊ ရှင် အရက် မသောက်ပါဘူး လို့ ဘုရားမှာ ကတိ ပေးခိုင်းတာ ပြောတာ ”

” မသိဘူးလေကွာ ၊ မင်းက အဲလို ရှင်းရှင်းမှ မပြောတာ ၊ မင်းနဲ့ ပြောရသာ အမူးတောင် ပြေသွားပြီ ၊ ထပ် သွားတင်လိုက် အုံးမယ် ” ဆိုပြီး ယိုင်တိုင်တိုင်နဲ့ ထွက်သွားလေရဲ့

နောက်နေ့ကျတော့ ယောကျာ်းလုပ်သူမှာ ထပ်မံ မူးလာလေသည် ။ ထိုအခါ မိန်းမလုပ်သူမှာ ဒေါသ ထွက်ပြီလေ

” ရှင်ပြောတော့ အရက်ကို ဘုရားမှာ လှူမယ်ဆို ၊ ဘယ့်နှယ် မူးလာရပြန် တာတုံး ”

” မိန်းမ မင်းမသိဘူးနော် ၊ ငါ့အရက်ကို ဘုရားကို တကယ် လှူတာ ၊ အရက် လှူပြီးတော့ အမြည်း မလှူရင် မကောင်းမှာ စိုးလို့ အမြည်း သွားဝယ်တာ ၊ ဟိုကောင်တွေနဲ့ တွေ့လို့ ငါ့ကို ချုပ်ပြီး အတင်း တိုက်လွတ် လိုက်တာ ၊ ငါ့မှာ အားနာနာနဲ့ မျိုချ ခဲ့ရတယ်ဟာ ”

” တိန် ”

မင်းထက်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား