ဘဘကို လာမကျောနဲ့

အရွယ်က စကားပြောတယ်

တောလမ်း ခရီး တခုမှာ လူငယ်တဦး နဲ့ အဖိုးအိုတဦး တွေ့ကြတယ် ။ ” အဘ ဘယ်သွားမလို့လဲ ”

” ဟိုဘက်ရွာ ” ” ဒါဆို အတူတူ သွားကြတာပေါ့ ” ” အေး ” ” ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ ”

” အငြိမ့်ပွဲ ကမယ် ပြောလို့ သွားကြည့်တာ ” ” ဟင် ကျွန်တော်သာ အဘအရွယ်ဆို အငြိမ့် မကြည့်တော့ဘူး ” အဖိုးအိုက ဘာမှ ပြန်မပြောဘူး ။ ခဏနေတော့ အဖိုးအိုက ပုလင်း တလုံး ထုတ်ပြီး မော့သောက်တယ် ။

” ဘာတွေလဲ အဘ ” ” အရက် ”

” ဟင် ကျွန်တော်သာ အဘအရွယ်ဆို အရက် မသောက်တော့ဘူး ” အဖိုးအိုက ဘာမှပြန်မပြောဘူး ။ ခဏနေတော့ အပင် တပင် အောက်မှာ ခရီးတထောက် နားကြတယ် ။ လူငယ်က အပင်ပေါ် မော့ကြည့်ပြီး ပြောတယ် ။ ” ဟာ အဘ ၊ သရက်သီးတွေ ဗျ ” ” ဟုတ်တယ် ၊ ဒီအပင်က အသီးက တော်တော် ကောင်းတာ ၊ ငါတို့ ငယ်ငယ်က ခူးစားနေကြကွ ” ” စားချင်တယ်ဗျာ”

” ငါသာ မင်းအရွယ်ဆို အပင်ပေါ်တက်ခူးတယ်” ဆိုတော့ လူငယ်လဲ မခံချင် ဖြစ်ပြီး အပင်ပေါ် တက်ခူး ပါလေရော ။ ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး ။ ” အဘ လုပ်ပါအုံး ၊ ဒီ ဂွကြားကနေ ဆက် မဆင်းတတ် တော့ဘူး ” ” ငါသာ မင်းအရွယ်ဆို အဲဒီ ဂွကြားကနေ ခုန်ချတယ် ”

ဒါနဲ့ အဟုတ် မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက် နှစ်ချောင်း သွင်သွင် ကျိုးပါလေရော ။ ” အား ကျိုးပြီ အဘရေ ” ” ကျိုးမှာပေါ့ ဒီလောက် အမြင့်ကြီးက ခုန်ချတာ ” ” ဗျာ ခုနပြောတော့ ကျနော့ အရွယ်သာဆို အဘ ခုန်ချတယ် ဆို ” ” အေးလေ ငါ မင်းတို့ အရွယ် တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ ” ” ဂျာ ”

သန်၄ကို – ဘာသာပြန်သည်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား