ကျနော်သတိရမိသော မမများ

ငအွပ်တ်နှင့် စိတ်ကူးထဲက မမများ

မီးမွှေးလို့ မီးခိုး အူနေရင် မော်တော်ပီကယ် မမကို သတိရ မိတယ်

အမူးသမားနဲ့ ဗရန်းဗတာ ကောင်တွေ ရန်ရှာလာရင် ရဲမေ ချောချောလေးတွေကို ပြေး သတိရမိ ပြန်ရော

ငွေရွှင်လို့ ပိုက်ဆံတွက် ပျင်းတဲ့ အခါ ဘဏ်ဝန်ထမ်းက စကီ အလန်းဇယားလေး တွေကို မြင်ယောင်မိ ပြန်သေး

ဓားပြတိုက် ခံရမယ် ဆိုရင်တော့ ပြည်သူ့ စစ်သမီး ဂွမ်းစိန်လေး ကလဲ လိုနေသဗျ

ဟော်တယ်မှာ တည်းလို့ မှတ်ပုံတင် တောင်းရင် လဝကရုံးက အပေါက် ဆိုးတဲ့ စာရေးမ အချောလေးက မျက်ဝန်းထဲ ရေးရေးလေး ပေါ်လာပြန် သဗျာ့

စာအုပ်နဲ့ ခဲတံတွဲမြင်ရင် ရင် ၃၄ ခါး ၂၄ တင် ၄၀ ရှိတဲ့ အဖြူစိမ်းနဲ့ ဆရာမဟာ ကိုယ့်နှလုံးသားကို ဆုံးမလေမလား ဆိုပြီး တွေးတွေးပြီး ပျော်နေတတ်တယ်

နေအရမ်းပူ မိုးအရမ်း ရွာရင်လဲ EPC က ဝတ်စုံတူ မိတ်ကပ် အဖွေးသားနဲ့ စကီလေးကို လွမ်းမိသွားပြန်ရော

ကိုယ်ပူလို့ ချောင်းဆိုး နှာစီးပြီး နေမကောင်းရင် အပေါ်က အဖြူ အောက်က ထဘီ အနီနဲ့ အပြာတွေဝတ်ထားတတ်တဲ့ nurse တွေကလဲ ရင်ဘတ်ထဲ လာတယ်ဗျ

လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်ကို မြင်တိုင်း ကညနက ဝမှ လှတဲ့ မမတွေရဲ့ ပုံရိပ်တွေက တစ်မျိုး ပေါ်လာပြန်တယ်

မီးလောင်လို့ ကယ်ဆယ်ရေးတွေ လာရင် ကြက်ခြေနီက မမတွေများ ပါမလားလို့ စောင့်ကြည့် ရတာ အမော

စားသောက်ဆိုင်က အခွန်တံဆိပ် မပါလာရင် အခွန်ရုံးက စမုံမတုန်းတဲ့ အပျိုကြီးတွေလဲ ရင်ဘတ်ထဲ တနေရာစာ နေရာယူ သေးတော့ ခက်

မုန်တိုင်းသတင်း ကြားတာနဲ့ မိုးလေဝသ သတင်းကြေငြာတဲ့ အလန်းဇယားတွေကလဲ အာရုံထဲ လာလာရှုပ်တတ် သေးတယ်ဗျာ

ဟိုင်းဝေးလမ်းမကြီးက ချိုင့်ခွက်မြင်တော့ တိုးဂိတ်မှာ ထိုင်နေတဲ့ ပျိုမဒီတွေ ရုပ်တည်နဲ့ ‘မင်္ဂလာပါ’ ဆိုပြီး ဝတ်ကျေ တန်းကျေ နှုတ်ဆက်တဲ့ လေသံဟာ နားထဲမှာစွဲ

ဘာဖြစ်ဖြစ် အိုရ နာရ သေရ လူ့ဘဝပါလေ

မသေခင်လေးမှာ အားလုံး ကိုတော့ မြည်းစမ်းကြည့် ချင်တယ်

ဟိုက်စကိုက်

ငါ့ အာလူးကြော် တူးပြီဟ !!

ဆတ်သားခြောက်ဖုတ်လဲ မီးကျွမ်းကုန်ပြီ !!

လက်ဖက်သုတ်လဲ ဆားငန်သွားပြီ !!

ဘီယာနဲ့ မြည်းမလို့ ပါဆို … အခုတော့ ငတ်ပြီပေါ့

Original by အွပ်တ်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား