(ဝယ်တာနော်)

တရားသူကြီး တဦးကို တရားခံရဲ့ မိခင်က သွားတွေ့ပြီး စိန်လက်စွပ် တကွင်းကို စားပွဲပေါ် တင်ကာ

'' ဆရာ ဒါလေး လက်ခံ ပေးပါနော် ”

ထိုအခါ တရားသူကြီးက ရှူးရှူး ရှားရှားဖြင့် ဒေါသ ဖြစ်သွားကာ ဝုန်းကနဲ ထ ရပ် ၍

” ခင်ဗျား ဒါ ဘာလုပ်တာလဲ ၊ ဒါ လာဘ်ပေး လာဘ်ယူ မှူဗျ ၊ ကျုပ်ကို ဒီလို လာ လာဘ်ထိုးလို့ ရမယ့် ကောင်များ မှတ်နေလား ဟမ် ”

ဤအခါ အမျိုးသမီးက ပျာပျာ သလဲ ဖြင့် တောင်းပန်ကာ

” ဟို ဟို မဟုတ်ပါဘူး ဆရာ ၊ ကျမ ကျမက ဒီပစ္စည်းလေးကို ဆရာ့ဆီ လာရောင်း တာပါ ”

အမျိုးသမီး စကားကြောင့် တရားသူကြီးက စိတ်လျှော့ လိုက်ကာ

” ဘယ်လောက်လဲ ”

” ကျပ်ငွေ ၂၀၀၀ ထဲပါ ဆရာ ”

ထိုအခါ တရားသူကြီးက မျက်နာ ဝင်းလက် သွားပြီး

” အာ့ဆို နှစ်ခု ယူမယ် ”

” ရှင် ”

လူချွန်တော်

(နားငြီးလို့)

မြန်မာ့ဆိုင်းဝိုင်းများတွင် တီးမှုတ်သော ” နဲှ” ကို လက်က ကိုင်၍ အိမ်ထဲ ဝင်လာသော သားဖြစ်သူ ချွန်ရဲလင် းကို မိခင်က တွေ့တော့ မေးလေသည်

” ဟဲ့ သား ချွန်လေး ၊ ဘယ်က ” နဲှကြီး ” ကို ယူလာ တာလဲ ? ”

ချွန်ရဲလင်းက

” ဟိုဘက်အိမ်က ဦးလေးချက်ဖောင်းရဲ့ “နဲှ” ပါ အမေရ ၊ အဲ့ဒါ သား ငှါးလာတာ ”

” အိုကွယ် သားကလည်း ကိုယ်လည်း မှုတ် တတ်တာ မဟုတ်ပဲနဲ့ သူများ ဟာကို ”

” သားကလည်း မမှုတ်ပါဘူး အမေရ ”

” ဟင် အာ့ဆို သားက ဘာလို့ ငှါးလာ တာလဲ ”

” ဪ အမေကလည်း ၊ သား ငှါးလာတော့ သူ မှုတ်လို့ မရတော့ ဘူးပေါ့ ”

” သူ မှုတ်လို့ မရတော့ ”

” သူ မှုတ်လို့ မရတော့ ၊ သားတို့ နားအေး ပါးအေး နေလို့ ရတာပေါ့ အမေရာ ”

” အေး ကောင်းကွာ ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား