ဘော့စ်တွက်တဲ့ သင်္ချာ

ဘာကွ ၊ ခွင့် တရက်လောက် လိုချင်လို့ ဟုတ်လား ။ ဒီမှာ ကြည့်ပါအုံး ။

တနှစ်မှာ ၃၆၅ ရက် ။ ရက်ပတ် အနေနဲ့ ၅၂ ပတ် ရှိတယ် ။

တပတ်ကို ၂ ရက် အလုပ် မလုပ်ဘူး ဆိုတော့ ၁၀၄ ရက် လျော့သွားပြီ ။

၂၆၁ ရက်ပဲ ကျန်တော့ တယ်။

365 – 104 = 261

နေ့တိုင်း အလုပ်ခွင် ထဲမှာ ၈ နာရီ ၊ အလုပ်ထဲမှာ မရှိတာက ၁၆ နာရီ ။

တနေ့ကို ၁၆ နာရီ ၊ တနှစ် ဆိုတော့ ရက် ၁၇၀ ။

ကဲ ၉၁ ရက် ပဲ အလုပ် လုပ်ချိန် ကျန်တော့တယ် ။

261 – 170 = 91

နေ့တိုင်း တီး ဘရိတ်၊ ကော်ဖီ ဘရိတ်က နာရီဝက် ၊ တနှစ် ဆိုတော့ ၂၃ ရက် ။

၂၃ ရက် နှုတ်တော့ ၆၈ ရက်ပဲ ကျန်တော့တယ် ။

91 – 23 = 68

နေ့ခင်း ထမင်းစားတော့ တနာရီ ။ တနှစ် ဆိုတော့ စုစုပေါင်း ၄၆ ရက် ။

ဒီတော့ ၂၂ ရက်ပဲ ကျန်တော့တယ် ။

68 – 46 = 22

တနှစ်ကို ၂ ရက် ပုံမှန် ဆေးခွင့် ပေးနေရတော့ ရက် ၂၀ ပဲ အလုပ် လုပ်ချိန် ကျန်တော့တယ်။

22 – 2 = 20

မပြီးသေးဘူး ။ ပုံမှန် အစိုးရ ရုံးပိတ်ရက် က တနှစ်မှာ ၅ ရက် ။

ဒီတော့ ၁၅ ရက် ပဲ ကျန်တော့တယ် ။

20 – 5 = 15

နှစ်တိုင်း ငါတို့က ခွင့်ရက်ရှည် နှစ်ပတ် ( ၁၄ ရက် ) ပေးရ ပြန်ရော ၊

ကဲ မင်း တကယ် အလုပ် လုပ်ရမယ့် ရက်က ၁ ရက် ပဲ ကျန်တော့တယ် ။

15 – 14 = 1

အခု မင်းက ဒီ တရက်ထဲက တရက် ခွင့် ထပ်ယူဦးမယ် တဲ့ ။ သေ သာ သေလိုက်ချင် ပါတော့တယ်ကွာ ။

1 – 1 = ???

365 – 104 = 261

261 – 170 = 91

91 – 23 = 68

68 – 46 = 22

22 – 2 = 20

20 – 5 = 15

15 – 14 = 1

1 – 1 ????

ဇင်ဝေသော် ပြုံးစိစိ

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား