သိပ်ရစ်လွန်း၍ ချစ်ခဲ့သည်

"ရှင်..ဟိုကောင်မလေးပုံအောက်မှာ ဘာလို့အသဲပုံပေးရတာလဲ" "ဟမ်၊ သူ့ပုံလေးက ချစ်စရာကောင်းလို့လေ..ဘာဖြစ်လို့လဲ"

"ဘာ၊ ရှင်က အဲ့ကောင်မကို သဘောကျနေတာလား" "အေးလေ၊ သဘောကျလို့ ပေးတာပေါ့ဟ "

"ဘာ၊ ဘာပြောလိုက်တယ်၊ ဒါဆို...ရှင်အဲ့ကောင်မကို ကြိုက်နေပြီပေါ့.." "ခွီး၊ အသဲပေးတိုင်း ကြိုက်ရမယ်လို့ ညည်းအမေဂျီးဒေါ်က သင်ပေးထားတာလား"

"အော်၊ ဒီမိန်းမအတွက်နဲ့ ကျုပ်အမေတွေ၊အဒေါ်တွေပါ ရှင်စော်ကားတယ်ပေါ့.." "အေးပါကွာ၊ ထားပါတော့၊ ငါပဲမှားတာပါ၊ နောက်ဆို ချစ်မကြိုက်ရင် အသဲသွားမပေးတော့ဘူး ၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ခိုခို..မွချိ၊မွချိ"😍 "ဒါနဲ့ ဟိုတစ်ယောက်က ရှင့်ကိုကြိုက်နေလားမသိဘူး၊ မန့်တာတောင် အီကြာကွေးစိမ်ပြီးမန့်တယ်" "ဘယ်တစ်ယောက်တုန်း၊ ဘာအီကြာကွေးတုန်း"

"ဟိုဂူးဂူးဂွီးဂွီး ဆိုတဲ့အကောင့်လေ၊ အသားလွတ်ကြီး ဝင်အီနေတာ" "သူ့ဘာသာခင်လို့မင်လို့ မန့်တာ၊ ဘာစိတ်မှမရှိပါဘူးဟ"

"ရှင်က အဲ့ကောင်မဘက်က ကာကွယ်ပေးနေတာလား၊ ရှင်သူ့ကိုအီချင်လို့လား" "ကဲ၊ သူ့ဘာသာမန့်တာ ငါနဲ့ဘာဆိုင်တုန်းဟ၊ စိတ်က တိုလာပြီ"

"သြော်..ရှင်က ဒီကောင်မနဲ့ပတ်သက်ပြီး ကျုပ်ကိုစိတ်တိုရန်လုပ်ချင်တယ်ပေါ့၊ ဟုတ်လား"
"မဟုတ်ရပါဘူးဗျာ၊ တောသူအလှစာဖွဲ့ပြတာပါ၊ ကဲကဲ... သူ့ကို ဘလော့လိုက်မယ် ဟုတ်ပြီလား"

"ကျေနပ်တယ် ခိုခို...မွချိ၊ မွချိ"😍😍

"ဒါနဲ့ ရှင် ဟိုးအရင်တုန်းက ကောင်မလေးတွေနဲ့အီပြီး အခုနောက်ပိုင်း သိပ်မတွေ့သလိုပဲ"
"အသက်လဲကြီးလာတော့ တည်ငြိမ်သင့်ပြီလေ၊ ခုခေတ်ခေးးတွေက ညည်းလောက်မှ မလှတာ"

"အမယ်...မဖြစ်နိုင်ပါဘူး၊ အနည်းဆုံး တစ်ယောက်ယောက်နဲ့တော့ အီနေမှာပါ" "ကဲ.. မဟုတ်ပါဘူးဆို၊ ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအားဘူး"

"ဒါဖြင့် အရင်အီခဲ့တဲ့သူတွေက ဘယ်ရောက်ကုန်ကြလို့လဲ" "ငါဘယ်သိမလဲဟ၊ သူတို့ မအားကြလို့နေမှာပေါ့ "

"သူတို့ မအားတာ ရှင်က ဘယ်လိုသိတာတုန်း " "နင့်မေကြီးဒေါ်၊ ငါ့ဘာသာတွေးပြီး ပြောတာဟ.."

"ဒါဆို သူတို့က ရှင့်အတွေးထဲမှာ အမြဲရှိနေတာပေါ့ "

"သြော်..ကဲ... အာရုံကနောက်လာပြီ၊ ဒီ Facebook လဲမသုံးတော့ဘူး ၊ ဒီအကြောင်းတွေလဲ မပြောနဲ့တော့၊ ကျေနပ်ပြီလား "

"တော်စမ်းပါ၊ တစ်ခြားအကောင့်နဲ့ သူတို့ကို ရှင်ခိုးပြီး အီချင်လို့မဟုတ်လား " "ဟာ...ဒီမိန်းမ ....."

😜😜😜
.
.
#ဦးတိမ်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား