ဒီနေ့ ဘာနေ့လဲ
” ကိုကြီး ဒီနေ့ ဘာနေ့လဲ သိလား ”
” ဟင် ”
ရုတ်တရက်ကြီး ထ မေး လိုက်တော့ ကိုယ့်မှာ ဘာဖြေရမှန်း မသိဘူး ဖြစ်သွားတယ်
” ဒီနေ့ ဘာနေ့လဲ သိလား လို့ ”
” ဟို အင်း ”
စဉ်းစား ရပီလေ ၊ မိန်းခလေး တွေက အဲ့လို မေးပြီ ဆိုရင် သတိထား ရတော့မယ် ၊ အကြောင်း တခုခု ရှိလို့ မေးတာပဲ ဆိုတာ ။
သိပြီ သူနဲ့ စတွေ့ခဲ့တဲ့ နေ့လား ။ ချစ်သူ စဖြစ်တဲ့ နေ့လား ။ သူ့မွေးနေ့ လား ။ အထိမ်း အမှတ် တခုခု နေ့လား ။ လားပေါင်း များစွာ စဉ်းစားရင်း နဲ့ ချွေးတွေပါ ပြန်လာတယ် ။ မှား ဖြေမိရင် အော်တို ကောက်ပီ ဆိုတော့ ရှိသမျှ အမွှေး တထိုင်တည်းနဲ့ ဖြူအောင် စဉ်းစား ရတယ် ။
” သိသားပဲ ၊ ခုလက ဖေဖော်ဝါရီ လ မို့လား ဟင်း ဟင်း ”
” အမ်း ဖေဖော်ဝါရီလ လေ ဘာနေ့လဲ သိလား လို့ ”
” ဟင်း ဟင်း ၊ ချစ်က ကိုယ် မေ့နေတယ် ထင်လို့လား ဟင်း ဟင်း ”
စဉ်းစားတာ စဉ်းစားတာ ဆိုတာ ခေါင်းတွေ ပူပီး မီးခိုးတွေ များ ထွက်လာသလား မှတ်ရတယ် ။ ဒီလကလည်း သူ့မွေးနေ့တို့ v – day တို့နဲ့ အထိမ်း အမှတ်နေ့ တော်တော်များများ ကလည်း ရှိတာကို ။
” အဲ့ဒိ နေ့က ချစ်ထမီ စကပ် လက်ရှည်လေးနဲ့ အင်္ကျီလေး ဖားလျား ချလာတာ ကိုယ်မှတ်မိ သေးတယ် ဟင်း ဟင်း ”
” ဘာတွေ ပြောနေတာလဲ ၊ ထမီတွေ အင်္ကျီတွေ မပါပဲနဲ့ လျှောက်သွား ရအောင် ရူးနေတာမှ မဟုတ်တာ ၊ ဘာနေ့လဲ မေးတာကို ခုထိ မဖြေဘူး ”
ကြည့် ပြောရင်း ဆိုရင်း ကောက် သံက ပါလာပီ ၊ ကိုယ်ကလည်း မမှတ်မိတော့ ခက်ပြီ ။
” ဟင်း ဟင်း ကိုယ်က စနေတာ သိသားပဲ ။ ချစ် အံသြ သွားအောင် စပရိုက် လုပ် မလို့ ဟင်း ဟင်း ”
” ဟာ ဘာတွေ ပြောနေ တာလဲ ၊ စပရိုက် လုပ်ရအောင် ဘာနေ့ မိုလို့လဲ ၊ ဒီမှာ ခေါင်း သွားလျှော် မလို့ ဘာနေ့လဲ မေးနေတာကို ဘာတွေ လျှောက်ပြော နေမှန်း မသိဘူး ”
” ငင့် ”
ဟုတ်တယ် ။ ကိုယ်တွေ ဘဝ ကလည်း ချစ်သူက ဘာနေ့လဲ အမေး ခံရမှာ ထက် အောင်လ အန်ဆမ်းနဲ့ သာ ပြေးထိုးပစ် လိုက် ချင်တယ် ၊ စက္ကန့်ပိုင်း ဆို ပွဲက ပီးပြီလေ ၊ ဟုတ်တယ် ။
ko zay

Comments
Post a Comment