နဲနဲလေး လွဲသွားတာပါ

ဧည့်သည် အန်တီကြီး တယောက် အိမ်ကို လာလည်တော့ အဖေက ” သားချွန်ရေ ဧည့်သည် အတွက် ဘလက်လေး တခွက်လောက် ယူခဲ့ပါကွာ ” ” ဟုတ်ကဲ့ အဖေ ” တအောင့် ကြာတော့ ” ဒီမှာ အဖေ ရပြီ ”

ကျတော်က ဧည့်သည် အန်တီကြီး ရှေ့မှာ ချပေး လိုက်တယ် ။ ဒီတော့ အဖေက ” သုံးဆောင်ပါအုံး ခင်ဗျ ” ” ဟုတ်ကဲ့ ရှင့် ” ဧည့်သည် ကလည်း ဘယ်ကတည်းက ငတ်နေလည်း မသိဘူး ။ မော့ချလိုက်တာ တကျိုက်တည်း ။ ပြီးမှ ” ဖူး ဖွီးး ” ” ဟာ ဘာ ဘာတွေလဲ ? ထွီ ” ဧည့်သည် စကားကြောင့် အဖေက အံ့သြ သွားပြီး ” ဗျာ ဘာ ဘာဖြစ်လို့လဲဗျ ၊ ဒါ ဘရာဇီးက လက်ဆောင် ပို့ပေးလိုက်တဲ့ အကောင်းဆုံး ဘလက် ကော်ဖီပါ ” ” ဘာ ဘလက် ကော်ဖီလဲ ၊ အရက် အရက်တွေ မဟုတ်လား ”

” ဗျာ ” အဖေက ခွက်ကို ယူ နမ်းကြည့်လိုက်ပြီး ” ဟာ ဟျောင့် ငချွန် မင်း ဘာတွေ ယူလာတာလဲ ? ”

” ဟင် အဖေပဲ ဘလက် ဆို ၊ အာ့ အဖေ သောက်နေတဲ့ ဘလက်လေဘယ် ပုလင်းထဲ ကလေ ” ” ဟေ ”

” အမလေး အဖေရေ ၊ အပေါက်က ကျင်းပြီး သိပ်မကျလို့ တခွက်ရအောင် မနည်း ညစ်ထုတ် ထည့်လာ ရတာ ” ကျတော့် စကားကြောင့် အဖေက ရှူးရှူး ရဲှရဲှဖြင့် ဒေါသ ထွက်သွားပြီး

” ခွေးမသား ငါ ယူခိုင်းတာ ဘလက်ကော်ဖီကွ ၊ တောက် ကုန်ပါပြီကွာ လက်ကျန်လေး ချန်ထားတာကိုး ”

” ရှင် ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား