စောင်ကျိုးနည်း အဘ

မိုးများ သဲသဲ မဲမဲ ရွာ နေသော အချိန်တွင် မိန်းခလေး တယောက်က Taxi တစီး ကို ငှါး စီး လေသည် ။ Taxi မောင်းသူ မှာ အသက် ကြီးသော လူကြီး တဦး ဖြစ် သဖြင့် ကားကို ဖြေးဖြေးပင် မောင်းနေ လေရာ မိန်းခလေး က စိတ်မရှည် ပဲ

” မြန်မြန် မောင်းပါလား အဘ ရယ် … အဘ ကားကို ထော်လာဂျီ တွေတောင် ကျော် တက် ကုန်ပြီ ”

ထိုအခါ ကားမောင်း တဲ့ အဘက

” အဘ လည်း မြန်မြန် မောင်းချင် ပါတယ် ကွယ် … ဒါပေမဲ့ မြင်ကွင်း က မသဲ ကွဲ ဘူးကွဲ့ ”

ကားသမား အဘ ၏ စကား ကြောင့် မိန်းခလေး က ရှေ့ကားမှန် ကို ကြည့် လိုက်တော့ မိုးစက်တွေကြောင့် အမှန်ပင် မှုံဝါး နေ လေသည် ။ ထို့ကြောင့်

” ဒါဆိုလည်း ရှေ့ ကား မှန်သုတ်တံ ကို ဖွင့်လိုက်လေ အဘရဲ့ ”

ထိုအခါ ကားမောင်းသူ အဘ ပြန် ပြောလိုက် တာက

” မှန်သုတ်တံ ကို ဖွင့်လိုက်လည်း ထူး မှာ မဟုတ် ပါဘူးကွယ် အဘမှာ မျက်မှန် ကျန်ခဲ့လို့ မောင်းသာ မောင်းနေ ရတယ် ရှေ့ကို ဘာမှ မြင်ရတာ မဟုတ်ဘူး ကွဲ့ ”

” ရှင် ”

လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား