၁၀၀ မြောက် ဟင်းပွဲ

တခါက အမြဲတမ်း လိုလို သေရည် ယစ်မူး နေသော ဘုရင် တပါး ရှိလေသည် ။ မူးလာသည်နှင့် အသားဟင်းပွဲပေါင်း တရာ ပြည့်ပါမှ ပွဲတော် တည် သောကြောင့် စားတော်ကဲ အားလုံး ကလည်း ကြောက်ကြသည် ။

တနေ့သ၌ ဘုရင်ပွဲတော် တည်ခါနီး အသားဟင်း အမယ် တမျိုး ကြောင်ဆွဲသွား သဖြင့် ၉၉ ပွဲပဲ ရှိနေသောကြောင့် မင်းတရားကြီးလည်း ဒေါသ ထွက်ကာ စားတော်ကဲကြီးကို ချက်ချင်း ဆင့်ခေါ်ပြီး

” မင်းခန္ဓာ ကိုယ်ကို ပိုင်းဖြတ် ခုချက်ချင်း ပွဲတော်ပြင် ၊ မနာခံက သတ်စေ ” လို့ အမိန့်တော် ချခံရတော့

စားတော်ကဲ လည်း သေဘေး ကိုလည်း ကြောက်သဖြင့် စားဖိုဆောင်ကို ဝင်ပြီး အသားဟင်း တမျိုး ချက်ချင်း ပြုလုပ်ကာ မင်းချင်း တို့အား ဆက်သ စေသော အခါ မင်းတရားကြီးလည်း အရသာ ရှိစွာ ဖြင့် ပွဲတော် တည်လေ၏ ။
သေရည် ပြေသွားချိန်တွင် မင်းတရားကြီးလည်း မိမိ အမှားကို နောင်တ ရကာ စားတော်ကဲကို ဆင့်ခေါ်စေ၏ ။ စားတော်ကဲကြီး အခစား ဝင်သော အခါ ညီလာခံ မူးမတ် များမှာလည်း

” မင်းကြီးကို သူ့ခန္ဓာကိုယ် ဘယ်အပိုင်း ခုတ်ပိုင်း ချက်ပေးသလဲ ” သိချင် စိတ်ဖြင့် ကြည့် ကြသည် ။

ခြေ လက်တွေလည်း အကောင်းတိုင်း ၊ နားရွက် နှာခေါင်းလည်း အကောင်းတိုင်း ၊ မျက်လုံး လျှာတွေလည်း အကောင်းအတိုင်း ပင် ။

” ငါကိုယ်တော်မြတ်ကို မောင်မင်းရဲ့ ဘယ်အစိတ်အပိုင်းကို ဖြတ်ပီး ဟင်း အမယ်လုပ် ပွဲတော် ပြင်ခဲ့သလဲ လျှောက်တင်စေ ” ဆိုသောအခါ

” ကြောက်စိတ်နဲ့ စိုးစိတ် လွှမ်းမိုးကာ ရုတ်တရက် ဆုံးဖြတ်ချက်ကို အမြန် ချခဲ့ ရသောကြောင့်
ယောကျ်ားဘဝ ကိုသာ အဆုံးရှုံး ခံလိုက် ပါတယ် မင်းတရားကြီး ”

” လခွမ်း … ” ” ထွီ ”

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား