ဂျင်းကောင်

ကျနော် အိမ်ရှေ့မှာ ထိုင်နေတုန်း ကလေးမလေး တယောက် ရောက်လာပြီး အကူအညီ လာတောင်းတယ်

” လေးလေးသန်ရေ သမီးကို အင်္ဂလိပ် စာကြောင်းလေး နှစ်ကြောင်းလောက် ဘာသာပြန်ပေး ပါလား ”

” အင်း ”

” သမီးကို ချစ်ရေး ဆိုနေတဲ့ ကောင်လေးက Viber ကနေ ပို့လိုက်တာ ၊ သမီးကလည်း အင်္ဂလိပ်လို သိပ် နားမလည်လို့ လေးသန်ကို အကူအညီ တောင်းရတာပါ ”

” ရပါတယ် ၊ ဘယ်စာကြောင်းလဲ ပြလေ ” ကလေးမက အင်္ဂလိပ်စာလေး ၂ ကြောင်း ပြတယ် ” If you be my star , I’ll be your sky တဲ့ လေးသန် ” ” ဒါလေးများ လွယ်ပါတယ် သမီးရဲ့၊ စကားလုံး တလုံးချင်း ရှင်းပြမယ် ”

” ဟုတ် … ”

” if ဆိုတာ တကယ်လို့ ဆိုတဲ့ အဓိပ္ပါယ် ”

” ဟုတ် ”

” you က မင်း ။ I က ငါ ။ star က ကြယ် လေ ” ” ဟုတ်ကဲ့ ၊ အဲ့ဒီလောက်တော့ သမီး ရိုးတိုး ရိတ်တိတ် သိတယ် လေးသန် ”

” အင်း … your က မင်းရဲ့တဲ့ sky ဆိုတာက ကောင်းကင် ၊ အဲ့ဟာတွေ ပေါင်းလိုက်တော့ ”

” ပေါင်းလိုက်တော့ ဘာတဲ့လဲ လေးသန် ”

” တကယ်လို့ မင်းသာ ငါ့အတွက် ကျယ်မယ် ဆိုရင် ငါ မင်းကို ကောင်းကောင်း ကင်မယ် တဲ့ ”

” ရွှမ် အဲ့လိုဂျီးလား ”

” အင်း ”

” ရပြီ လေးသန် ကျေးဇူးပဲ ၊ အဲ့ သေနာကောင် နဲ့ သမီးနဲ့ တွေ့မယ် ၊ ဟွင်း ဟွင်း ငါ့ကို စာမတတ် ပေမတတ် ဆိုပြီး မဟုတ် တယုတ် လာပြောတဲ့ ကောင် ၊ ငါ့အချစ်တော့ မရဘူးဟေ့ လက်ဝါးပဲ ရမယ် ”

ဆိုပြီး ဇောင့် ဇောင့် နဲ့ ထွက်သွား ပါလေရော အမငီး ပါးတေ ကျိန်းထာ

ThanLayKo ( ပေါက်ကရ ၄၀ )

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား