တန်အောင်စား
မနေ့က မင်္ဂလာဆောင် တခုမှာပေါ့ ။ ကျတော်က မင်္ဂလာဆောင်တွေမှာ ဓာတ်ဆက် ငှါးတယ်လေ။
မင်္ဂလာဆောင်မှာ ဗိတ်သိပ် ဆရာ ပြောဖို့ မိုက်ခရိုဖုန်း စမ်း နေတုန်း ကျတော့် ဘေးဝိုင်းက ဧည့်သည် လင်မယား နှစ်ယောက် တိုးတိုး နဲ့ စကား ပြောနေတာ ကြားလိုက် ရတယ် ။
“ယောကျာ်း စားစား”
” ငါ ဗိုက် မဆာဘူး”
“ရှင့်ကို ကျမ ဘာပြော ထားလဲ ”
“သိပါတယ် မိန်းမရဲ့ ငါ ဆာမှ မဆာ တာ”
“အိမ်က မထွက်ခင် ကတည်းက ကျမ ရှင့်ကို ဘာမှာ ထားလဲ”
“ငါသိပါတယ် မိန်းမရဲ့”
“ရှင်စားစား မစားစား ရှင့်ဗိုက် နဲ့ ရှင်ပဲ ညနေစာ မချက်ဘူးနော် အခုကတည်းက ဝအောင် မစားရင် ညစာ ဆာလို့ ကတော့ ရေသာ သောက် ဗိုက်မှောက်ပဲ”
ကျတော်က သူတို့ ပြောနေတာ အစ အဆုံး ကြားလိုက် ရတော့ ” ဟုတ်တယ် အစ်ကိုရေ
ဆာဆာ မဆာဆာ လက်ဖွဲ့ဖိုး နဲ့ တန်အောင် စားသွားလေ ”
ကျတော် အဲ့လိုလဲ ဝင်ပြော လိုက်ရော ဟိုလင်မယားတွေ စားလက်စ ပန်းကန်တွေ ထားခဲ့ပြီး ပြေးတာ တန်းလို့ ဘာလို့ ထပြေးတာလဲ ပေါ့ ကြည့်လိုက်တာ
ဟိုက်စကိုက် ငါ့လက် ထဲမှာ မိုက် ရှိနေ ပါကလား ။
Original by အွပ်တ်

Comments
Post a Comment