ဘုန်းဘုန်းမကြောက်ပါဘူး
ကလေးနှစ်ယောက် မာလကာခြံထဲကို
ပိုင်ရှင်မသိအောင် ဝင်ပြီး အသီးတွေ ခိုးကြတယ်။
ရသမျှအသီးတွေကို ပုဆိုးတွေထဲ ထည့်ထုပ်ပြီး
ဝေစုခွဲဖို့ လူပြတ်တဲ့ ရွာထိပ်ကသင်္ချိုင်းထဲကို သွားကြတယ်။
ပိုင်ရှင်သိရင် လိုက်ဖမ်းမှာစိုးလို့ အပြေးသွားတာမို့
အသီးအချို့ သင်္ချိုင်းဝမှာ ကျကျန်နေခဲ့တယ်။
အထဲရောက်တော့ ကလေးအကြီးက ဦးဆောင်ပြီး ဝေစုခွဲပေးတယ်။
"ဒါက မင်းစားဖို့ ၊ ဒါက ငါစားဖို့
ဒါက မင်းစားဖို့၊ ဒါက ငါစားဖို့
..."
အဲဒီလို တစ်လုံးခြင်းစီ ဝေစုခွဲနေတဲ့ အသံကို
သင်္ချိုင်းအစပ်က လမ်လျှောက်လာတဲ့ ရွာသားက ကြားတော့
ကြောက်လန့်တကြားနဲ့ ရွာထဲဝင်ပြေးတယ်။
ရွာထဲရောက်တော့ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတစ်ပါးနဲ့ တွေ့တော့
အားကိုးရာရပြီဆိုပြီး အကူအညီတောင်းလျှောက်ထားတယ်။
"ဘုန်းဘုန်းဘုရား။
ကယ်ပါအုံးဘုရား။
ရွာထိပ်က သင်္ချိုင်းထဲမှာ သရဲတွေ သောင်းကြမ်းနေပါတယ် ဘုရား "
"ဟာ ဟုတ်ကဲ့လား ဒကာရယ်။
မဖြစ်နိုင်တာ"
"ဟုတ်ပါတယ်ဘုရား။
တပည့်တော်အခုပဲ ကြားခဲ့ရတာဘုရား။
သရဲ နှစ်ကောင်ဖြစ်မယ်ဘုရား။
သင်္ချိုင်းထဲက အလောင်းတွေကို စားဖို့ ခွဲတမ်းချနေတာ
တပည့်တော် နားနဲ့ဆတ်ဆတ် ကြားခဲ့တယ်။
မယုံရင် ဘုန်းဘုန်းလိုက်ကြည့်ပါ ဘုရား"
"ကဲ စိတ်အေးအေးထား ဒကာကြီး။
နားကြားလွဲတာဖြစ်ပါလိမ့်မယ်။
ဘုန်းကြီးလိုက်ခဲ့ပေးမယ်။
ဘာမှ မကြောက်နဲ့"
ဒီလိုနဲ့ ဘုန်းကြီးလည်း ဆွမ်းခံရင်း ငှက်သင့်ဆိုသလို
ရွာသားဆွဲခေါ်ရာနောက် ပါသွားပါလေရော။
သချိုင်းနားရောက်တော့ ဝေစုခွဲနေတဲ့ အသံတွေ ကြားနေရတုန်း
"... ဒါက မင်းစားဖို့
ဒါက ငါစားဖို့
ဒါက မင်းစားဖို့
ဒါက ငါစားဖို့"
အသံတွေကြားတော့
ဘုန်းကြီးလည်း အထဲမဝင်ရဲဘဲ အဝနားမှာ အသာရပ်နေတယ်။
ရွာသားက ဘုန်းကြီးနောက်မှာ
သင်္ကန်းစ ကွယ်ပြီး ပုန်းနေပြီ။
"ဒါက မင်းစားဖို့။
ဒါက ငါစားဖို့။
ကဲ အားလုံးကုန်ပြီ။ အညီအမျှပဲ။
ကျေနပ်တယ်နော်။"
ကလေးအငယ်က ပြန်ပြောတယ်
"ဒါဆို သင်္ချိုင်းအဝနားက ဟာတွေရော"
"ဟာ။
ဟုတ်သားပဲ။
အဲဒါတွေ အရင်စားရမယ်။
နို့မို့ သူများဦးသွားမယ်"
အဲဒီအသံလည်းကြားရော
ဘုန်းကြီးလည်း ရွာသားတောင် လှည့်မကြည့်နိုင်ဘူး။
နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးလိုက်တာ
ချော်လဲ သပိတ်ကွဲ ဆွမ်းငတ်တဲ့ အထိပါပဲ 🤣🤣
Credit #
OriginalUploader
Photo credit

Comments
Post a Comment