နည်းနည်းလေးလွဲသွားတာပါ

လူတယောက် ရဲစခန်းတွင်း ဝင်လာပြီး စခန်းမှူး စားပွဲသို့ သွားကာ စာရွက် ပိုင်းလေး တခု ထိုးပေး လိုက်ပြီး
” အစ်ကို ဒီမှာ ”
” ဘာလဲ ”
စခန်းမှူးက မျက်မှန် တပ်၍ ကောက်ကြည့်ပြီး ဖတ်လိုက်သည်
” ၃၆ သုံးထာင် ၅ ထိပ် ၁၀၀၀ ၆ ပတ် ၅၀၀
ဟျောင့် ဒါ ဒါတွေက ဘာလဲ ”
” မသိဘူး ဒေါ်စိုး လွှတ်လိုက်တာ ၊ အဲ့ဒါ ရေးပေး လိုက်တဲ့ ညနေမှ ရှင်းမယ် တဲ့ ”
” ဘာကွ မင်း မင်း ဒါ နောက်စရာများ မှတ်နေလား ”
” ဗျာ ဘာဖြစ်လို့လဲ ၊ ဒါ ဒါ နှစ်လုံး ရောင်းတဲ့ တိုက် မဟုတ်ဘူးလား ”

” ဟာကွာ ဒီကောင် သေတော့မယ် ”
” ဟို ဟို စိတ်မရှိပါနဲ့ဗျာ ။ ကျတော်က မျက်လုံး သိပ်မကောင်းလို့ပါ ခဏ ခဏလေး ”
ထိုလူက အိပ်ထဲက ဖုန်းကို ထုတ်ပြီး ဆက်လိုက်ကာ
” ဟယ်လို ဒေါ်စိုးလား ”
” အေး လှအောင် ပြော ရလား ”
” ဟာ ဘယ်က ရ ရမှာလဲ ၊ ဒီမှာ ခင်ဗျား ပေးတဲ့ စာရွက် ပေးတဲ့ ဟာကို ဒီက ရုပ်ဆိုးဆိုးနဲ့ လူက ဒေါတွေ ပွ နေလို့ ”
” ငိ ”
” ဟဲ့ ဘယ်က ရုပ်ဆိုးဆိုးလဲ နင် မမြင်မစမ်းနဲ့ ဘယ်အိမ်ကို သွားပေး တာလဲ ”


” ဟာ ဒေါ်စိုးပဲ ‘ ကူညီပါရစေ ‘ ဆိုင်းဘုတ်ရှေ့က တည့်တည့် ဝင်သွား ဆို ”
” အမလေး သေတော့ မှာဘဲ ။ ငါပြောတာက အဲ့ဆိုင်းဘုတ်ဘေးက လမ်းကြားထဲ ဝင်ခိုင်းတာ ဟဲ့ ”
” ဟာ ဒါဆို ကျတော် အခု ရောက်နေတာ.. ဘယ်လဲ ”
” အဲ့ဒါ နင့်မေလင် ရဲစခန်း ဟဲ့ ”
” ဗျာ ”
📷📷📷📷📷
စခန်းမှူးက စွပ်ကျယ်ချိုင်းပြတ်နဲ့ ထိုင်နေတာကိုး 📷📷
လူချွန်တော်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား