နှစ်ပါတ်လည်နေ့ (Anniversary)
ညသန်းခေါင်ယံ သူမ တရေး နိုးလာချိန် ဘေးတွင် ခင်ပွန်းဖြစ်သူအား မတွေ့သဖြင့် စောင်ကို ဖယ်လိုက်ခါ ခင်ပွန်းဖြစ်သူအား ရှာရန် အောက်ထပ်သို့ ဆင်းလာ ခဲ့သည်။
အောက်ထပ် မီးဖိုချောင် စားပွဲတွင် ကော်ဖီခွက် ရှေ့ချပြီး နံရံကို ငေးကြည့်ခါ အတွေးလွန် နေသော ခင်ပွန်းသည်ကို တွေ့လိုက် ရသည် ။
သူမ ကြည့်နေစဉ် မှာပင် ခင်ပွန်းဖြစ်သူမှာ မျက်ရေများ ကျနေပြီး ထိုမျက်ရည်များကို ပြန်သုတ်နေ သည်ကို တွေ့သဖြင့်
သူမမှ ” ဘာဖြစ်လို့ ညကြီးသန်းခေါင် အောက်ဆင်းပြီး ငိုနေတာလဲ မောင်ရယ် ” ဟု တီးတိုး ပြောရင်း မီးဖိုချောင် အတွင်း လှမ်းဝင် လိုက်သည် ။ ခင်ပွန်းသည်မှ ကော်ဖီခွက်ကို ငုံ့ကြည့်ရင်း ” ဒီနေ့ ကိုယ်နဲ့ မင်း ဆုံခဲ့တာ နှစ် ၂၀ ပြည့်တဲ့ နေ့ပဲ ”
မှတ်ဉာဏ် ကောင်းလှတဲ့ ခင်ပွန်းကို မယုံနိုင်လောက်အောင် ဖြစ်သွားပြီး သူမ ကိုယ်တိုင် မျက်ရည်များ လည်လာလေသည် ။ ခင်ပွန်းသည်မှ သူ့စကားကို ဆက်ပြောသည် ” လွန်ခဲ့တဲ့ နှစ် ၂၀ က မင်းနဲ့ကိုယ် ပထမဆုံး ချိန်းတွေ့ခဲ့တာ မင်း မှတ်မိသေးလား ၊ အဲဒီတုန်းက ကိုယ်က ၁၈ မင်းက ၁၅ နှစ် ပဲ ရှိသေးတယ်လေ ”
ဂရုတစိုက် ရှိလှတဲ့ ခင်ပွန်းသည်ရဲ့ စကား အဆုံး သူမ ကိုယ်တိုင် ကျလာတဲ့ မျက်ရည်စ အချို့ကို သုတ်ရင်း ” သိပ်မှတ်မိတာပေါ့ မောင်ရယ် ” ခင်ပွန်းသည်မှာ ခေတ္တမျှ အသံ တိတ်သွားပြီးမှ ဆို့နင့် နေသော အသံဖြင့် ” တို့နှစ်ယောက် ကားနောက်ခမ်း ထဲမှာ နမ်းနေတုန်း ၊ မင်းအဖေ မိသွားတာ ကိုရော မှတ်မိသေးတယ် မဟုတ်လား ”
သူမ လည်း ခင်ပွန်းသည်ဘေးခုံမှာ ဝင်ထိုင်ရင်း ” ဘယ်မေ့ပါ့ မလဲ ” ခင်ပွန်းသည်မှ သူ့စကားကို ဆက်ပြောလိုက်သည် ” မှတ်မိသေးလား ၊ အဲဒီညက မင်းအဖေ ငါ့မျက်နှာကို သေနပ်နဲ့ ချိန်ပြီး မင်းသာ ငါ့သမီးကို မယူပဲ ကြောရယုံ ကြံသွားလို့ ကတော့ မင်းကို ထောင် အနှစ် (၂၀) လောက် ကျအောင် လုပ်ပြစ်မယ် လို့ ပြောသေးတယ်လေ ”
သူမမှ နူးညံ့သော အသံဖြင့် ” အိုး သိပ်မှတ်မိတာပေါ့ ” ခင်ပွန်းသည်မှ တချက် ရှိုက်ခါ မျက်ရည်စ အချို့ကို သုတ်လိုက်ရင်းမှ ဤသို့ပြောလိုက်သည် ” တကယ်ဆို ဒီနေ့ဟာ ငါလွတ်ရမဲ့ ရက်ပဲ ”

Comments
Post a Comment